"မျက်နှာလည်း မကောင်းပါလား ? "
"ကျွန်တော့်မိန်းမနဲ့ ရန်ဖြစ်လာလို့ Hyung "
Editor Minho အဖြေကြောင့် Chanyeol လှည့်ကြည့်လိုက်တော့ Donghae hyung က သူ့ကိုပါကြည့်ရင်း မေးလာသည်။
"Chanyeol ah... မင်းရော ရန်ဖြစ်လာတာလား... မျက်နှာက ဘယ်လိုဖြစ်လို့ မှောင်မိုက်နေတာလဲ "
"ရန်ဖြစ်ရင် ကောင်းမှာပဲ... အခုက..... "
"ဘာဖစ်ကြလို့လဲ ... ပြောပါဦးကွ "
Donghae က သူ့နားလာထိုင်ရင်း မေးတော့ Minho ကပါ အနားရောက်လာသည်။
"အရင်တုန်းကဆို ခဏခဏ ရန်ဖြစ်လွန်းလို့ ငါတို့မဖြစ်လောက်ဘူး.. မလိုက်ဖက်ဘူးလို့ တွေးမိတဲ့အခြေအနေတောင်ရှိခဲ့တယ် ။ လက်ပါပြီး ထိုးကြကျိတ်ကြနဲ့ မို့ နှစ်ယောက်သား ဆေးရုံသွားပြရတဲ့အခြေအနေထိလည်း ရောက်ဖူးတယ် ။ ဒါမယ့်အခုက သူစိမ်းတစ်ယောက်နဲ့ အတူနေရသလိုမျိုး အရမ်းကို တိတ်ဆိတ်လွန်းနေတယ် "
ပြောရင်းနဲ့ Chanyeol က သူ့ emotional ဖြစ်နေမှုကို ထိန်းချုပ်ရင်း သက်ပြင်းချကာ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်နေတော့ Donghae က သူ့ပခုံးကို နှစ်သိမ့်သလို ပုတ်ကာ
"ဘာလို့ပြောင်းလဲသွားတယ်ထင်လဲ? "
"အကြောင်းပြချက်မရှိဘူး Hyung ''
"အကြောင်းပြချက်မရှိဘဲတော့ မနေဘူးလေ... ဘာလဲ... နောက်တစ်ယောက်ပေယ်လာလို့လား "
Donghae အမေးကို Chanyeol တစ်ယောက် ခေါင်းငိုက်စိုက်ကျလျက် ဖြစ်သွားပြီး
"မသိပါဘူး Hyung ရာ.... ဘယ်အရာကမှ အရင်လိုပြန်ဖြစ်အောင် လုပ်လို့မရတော့ဘူးထင်ပါတယ် "
နောက်တစ်ယောက်ဆိုတာက တကယ်ပဲရှိနေပြီလား ။ ငါတို့ပျော်ရွှင်ခဲ့ရတဲ့အချိန်လိုမျိုး မင်းအခုပျော်ရွှင်နေလား Baekhyun ။ ငါ့မြင်ကွင်းထဲကနေ ပျောက်သွားတာ ကြာပြီဖြစ်တဲ့ ငါသဘောကျတဲ့ မင်းအပြုံးတွေက တခြားသူဆီရောက်နေပြီလား ။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင်တောင် ငါမင်းကို အပြစ်တင်မှာ မဟုတ်ဘူး ။ ငါကမင်းကို ပျော်ရွှင်စေချင်တဲ့သူလေ ။ ငာလုပ်သမျှအရာတိုင်း ငါ့အရာရာတိုင်းက မင်းနဲ့ပဲ ဆက်စပ်နေခဲ့တာပါ ။ ကောင်းကင်ကို အကြောင်းမဲ့ထိုင်ကြည့်ရင်း တွေးမိတယ် ။ ငါတို့လည်း အကြောင်းမဲ့ ဝေးနေကြတယ်နော် ။ ငါပထမဆုံး မင်းဆီစာပို့ခဲ့တဲ့အချိန်ကို ပြန်တွေးမိတော့ ငါ့မှာလည်း ပျော်ရွှင်ရတဲ့အချိန်ဆိုတာ ရှိခဲ့တာပဲ ။ မင်းဆီက စာတိုလေးတွေ ဝင်လာတိုင်း ငါခုန်ပေါက်နေခဲ့ဖူးတယ် ။ မင်းဆီကို ပြန်စာရေးဖို့ အခေါက်ခေါက်အခါခါ ဖျက်ရင်းရေးရင်းနဲ့ စာပြန်တာကြာနေခဲ့ဖူးတယ် ။ တခါတလေဆို ညကပို့ထားတဲ့စာကို မနက်မှ ပြန်ဖြစ်တဲ့အခါ ငါမတွေ့လို့လို့ မင်းထင်မှာပေါ့။ ဒါမယ့်ငါက တစ်ညလုံး စဉ်းစားနေခဲ့တာ ။ မင်းအကြောင်းကို တွေးမိတဲ့အခါ မင်းရဲ့ပုံလေး ထုတ်ကြည့်မိတယ် ။ မင်းနဲ့ Conversation တွေကို ပြန်ကြည့်မိတယ် ။ ငါ့ရဲ့ပျော်ရွှင်မှူတွေကို ဒီနည်းနဲ့ ပြန်လည်ဖော်ထုတ်ရင်းပေါ့ ။ အခုလည်း မင်းအကြောင်းတွေးမိလို့ Chat box ကို ဖွင့်ကြည့်တဲ့အခါ နောက်ဆုံးပြောထားတဲ့အကြောင်းက အိမ်ကို စာချုပ်ထပ်ချုပ်ဖို့နဲ့ ပိုက်ဆံလွှဲလိုက်ပြီဆိုတဲ့အကြောင်းကို လွန်ခဲ့တဲ့ ၄လက မင်းပို့ခဲ့တာ ဖြစ်နေတယ် ။ လက်သန်းကြွယ်က လက်စွပ်ကို ငေးကြည့်ရင်း ဒီလက်စွပ်စဝတ်ခဲ့တဲ့အချိန်ကို သတိရမိတယ် ။ အဲ့တုန်းက မင်းပျော်နေခဲ့တာလေ ။ ငါလည်းပဲ ပျော်နေခဲ့တာပါပဲ ။ ငါတို့အတူတူ ဆိုတဲ့ စကားကိုလည်း ထပ်တလဲလဲ သုံးနှုန်းခဲ့ပြီး ဘာမဟုတ်တာလေးကို အကျယ်ချဲ့ ပြီး အော်ဟစ်ခဲ့ကြဖူးတယ်။ ငါ့ကို စိတ်ဆိုးပြီး အရင်လို ပန်းကန်တွေ ရိုက်ခွဲပစ်ပါလား ။ မုန်းလိုက်တာလို့ အော်ဟစ်ပြီး ငါ့ရင်ဘတ်ကို ထုပါဦးလား ။ မင်းက မကောင်းတဲ့ကောင်လို့ ဆဲဆိုရင်း ငါ့ကိုထိုးပါဦးလား ။ ငါလည်းပဲ မင်းကို ပြန်ထိုးပြီး စိတ်ပြေသွားတဲ့အခါ ပခုံးဖက်ရင်း အရင်လိုပြန်ကြေအေးချင်လို့ပါ ။ လူတွေကထင်ကြတယ် ။ လမ်းတွေပေါ်မှာ အတူလက်တွဲပြီး သွားနေရင် ထိုင်ခုံတစ်ခုပေါ်မှာ ပူးကပ်ပြီး အတူထိုင်နေရင် ကော်ဖီတွေ အတူတူသောက်နေကြရင် နီးစပ်ပြီလို့လေ ။ ဒါမယ့် တစ်ကုတင်ထဲ အိပ်နေကြတဲ့ ငါတို့က ဘာလို့ဝေးနေကြတာလဲ ။ ငါမင်းဆီကို ဖုန်းခေါ်ချင်တယ် ။ ငါမပျော်ဘူး ငါခက်ခဲနေတယ်လို့ မင်းကိုပြောပြမယ် ။ ငါ့ဆီကနေ ထွက်မသွားပါနဲ့လို့ ငိုယိုပြီးပြောမယ် ။ မင်းရော ပျော်နေလား လို့ မေးဖို့ ငါမင်းဆီဖုန်းခေါ်ချင်တယ် Baekhyun ရယ်....... ။
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...