"Chanyeol က ဘယ်တုန်းကမှ ဂီတကို ဝါသနာမပါခဲ့ဘူး.. ဒါမယ့် ငွေအတွက် သူဂီတာတီးပြီး သီချင်းဆိုခဲ့ရတာ... ''
Dongho က ဖန်ခွက်ထဲက ရေကို ကုန်အောင်သောက်လိုက်ပြီး သက်ပြင်းချလိုက်သည်...
"Baekhyun ah... မင်းတို့ကြားက ပြသနာတွေကို Hyung မသိပါဘူး.. ဒါမယ့် သတင်းတွေ ဖတ်ရတာတော့ အတော်လေး စိတ်မကောင်းဘူး... Chanyeol က ငယ်ငယ်ထဲက မင်းကိုပဲ ချစ်ခဲ့တာ.. မင်းက Gay မဟုတ်ဘူး.. ယောက်ျားချင်းမကြိုက်ဘူးလို့ ကြိုက်သလို သက်သေပြလို့ရပေမယ့် Chanyeol ကို စိတ်ဒဏ်ရာမပေးစေချင်ဘူး ''
စိတ်ဓာတ်ကျစွာ ငုံ့ထားတဲ့ ခေါင်းဟာ အလိုလိုမော့ရင်း Hyung ကိုကြည့်လိုက်မိတယ်.. Hyung သိနေတယ်?
"အထက်တန်းတုန်းက Chanyeol ဟာ Hyung နဲ့အရင်းနှီးဆုံးပဲ.. Hyung သိသိချင်းတုန်းက Chanyeol ကို နားမလည်ခဲ့ပေမယ့် သူ့ဘက်ကရှိနေပေးခဲ့တယ်... Hyung က လက်ထပ်ပြီးသား.. မကြာခင်မှာ ကလေးလေးလည်း မွေးလာတော့မယ်.. တစ်စုံတစ်ယောက်ကို Hyung ရဲ့ကလေးက အရာတိုင်းထက်ပိုပြီး သဘောကျနေရင် hyung အတော်ခံစားရမှာပဲ.. Hyung ... Chanyeol အတွက် သူငယ်ချင်းကောင်းဖြစ်ချင်တယ်.. သူ့ဘယ်လိုခံစားရမလဲ သိနေလို့ ပိုပြီး စိတ်မကောင်းဘူး.. Hyung ကူညီနိုင်တာ ဘာမှမရှိဘူးလေ... Hyung တစ်ခုပဲ တောင်းဆိုချင်တယ်.. မင်းဘက်က သူ့ကို သူငယ်ချင်းထက် မပိုဘူးဆိုရင်တောင်မှ သူ့ကို ဒဏ်ရာရမယ့် စကားတွေမပြောပါနဲ့ကွာ... ''
hyung ရဲ့ စကားအရှည်ကြီးဆုံးတော့ စကားပြောချင်ပေမယ့် လည်ချောင်းထဲက အသံထွက်မလာဘူး... ခေါင်းသာတွင်တွင် ညိတ်ပြနေမိပေမယ့် ရင်ထဲမှာတော့ အော်ဟစ်ငိုနေခဲ့ပြီးပါပြီ................
Manager hyung ကို စုံစမ်းခိုင်းမှုနဲ့ သူ Studio မှာအလုပ်ရှုပ်နေကြောင်း သိရသဖြင့် ခြေမချခဲ့တာ လနဲ့ချီနေပြီဖြစ်သော ငယ်ငယ်က နေခဲ့တဲ့ Park မိသားစုအိမ်ကို လာခဲ့မိတယ် ... ဒီအိမ်က Chanyeol နေနေတယ်ဆိုပေမယ့် နဂိုက ၂ယောက်လုံးနေတဲ့နေရာမို့ ကျွန်တော်သဘောကျတဲ့ ဂီတတူရိယာတွေရှိတဲ့နေရာ... ကျွန်တော့် အသံကိုဖမ်းလို့ရမယ့် recording studio.... နောက်ပြီး ကျွန်တော်တို့အခန်း... အရာအားလုံးဟာ ရုပ်ရှင်ပြနေသလို ငယ်ဘဝကို မြင်ယောင်နေစေတယ်... ဒီအခန်းမှာ နေတုန်းက Omma ရဲ့ ထမင်းစားဖို့လာခေါ်တာကို အမြဲကြားခဲ့တယ်... ဒီအခန်းမှာ ငယ်ရွယ်ပြီး မရင့်ကျက်တဲ့ ကလေး၂ယောက်ရဲ့ ဘဝတွေရှိနေတယ်..
JE LEEST
Out Of The Bromance
Fanfictie[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...