[Zawgyi version]
"တကယ် !!! "
အမလေးဟဲ့ .. တစ်ကျောင်းတည်းတက်ပြီး Tao ကိုပဲကြည့်နေလားမသိဘူး ... အခုမှအသစ်အဆန်းလိုထအော်နေတာများ လန့်တောင်လန့်တယ် ..
"အင်း ... ငါလည်းမခံစားနိုင်တော့လို့ သူ့ကိုဖွင့်ပြောလိုက်တာ ... သူကပြောတယ် အဲ့ဒါဆိုတွဲကြတာပေါ့တဲ့ .. "
"Kyungsoo ကလေ ??? "
"အေး ... ဒါမယ့် ငါလည်းအလိုက်တသိ လျှို့ဝှက်ပေးထားပါတယ် .. သူရှက်မှာစိုးလို့ "
"ငါမသိတာ အဲ့ဒါကြောင့်ကိုး "
တစ်ခွန်းပြောတိုင်း တအံ့တဩ မှတ်ချက်ပေးနေရင် အကောင်ပဲ Yifan ကောင်ပေါ့ .. Baekhyunee နဲ့ Kyungsoo က လမ်းထိပ်မှာ အအေးသွားဝယ်ပေလို့ပဲ မဟုတ်ရင် ဒင်းလုပ်ပုံနဲ့က ဖိနပ်နဲ့ရိုက်ခံရတော့မယ် ... အရင်တုန်းက နှပ်ချေးတွဲလောင်းနဲ့ ရေခဲမုန့်လုစားတဲ့ ကောင်တွေက အခုတော့ ရည်းစားတွေ ဘာတွေနဲ့ ဟုတ်နေတာ ...
"မင်းရော အဆင်ပြေရဲ့လား Chanyeol "
Yifan ကောင် သူများကို စပ်စုအပြီး ကိုယ့်ဘက်လှည့်လာပြီလေ ...
"ပြေပါတယ် ... ပြေအောင်နေရတာပေါ့ .. အိမ်လေးကကျဉ်းပေမယ့် ငါတို့၂ယောက်အတွက်တော့ အတော်လေးကို အဆင်ပြေတာပါကွာ .. "
တကယ်ပါ .. ပင်ပန်းပေမယ့် ကျွန်တော့်မှာ Baekhyunee ရှိနေသေးတယ်ဆိုတဲ့စိတ်နဲ့ အားတင်းထားရတာ .. သူနဲ့သီးသန့်ကမ္ဘာလေးတစ်ခုကို ဖန်တီးထားနိုင်လို့ အရမ်းကျေနပ်မိတယ် ...
"လိုတာရှိရင်ပြောပါကွာ .. ငါတို့လည်းရှိနေတာပဲဟာ "
Jongin က အားပေးနှစ်သိမ့်သလိုလေး ပြောလာသည် ...
"ပြန်လာပါပြီ ... "
ခပ်စူးစူးအသံနဲ့အတူ လက်ထဲမှာ အအေးတွေကိုင်ရင်း ဝင်လာသူကို ချစ်စနိုးလေးကြည့်မိသည် .. ဒူးအထက်သာသာ ဂျင်းဘောင်းဘီနဲ့ ပန်းနုရောင်ဆွယ်တာကို ဝတ်ထားသော သူက ကျွန်တော့်မျက်လုံးကို ဖမ်းစားထားသည်လေ ... သူက အစ်ကိုတဲ့လား ??
"ငါ ... ပြောစရာရှိတယ် "
Kyungsoo ဆီကထွက်လာတဲ့အသံမို့ ကျွန်တော်တို့အားလုံးက Kyungsoo ကိုကြည့်နေကြသည် ..
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...