အရင်က ကျွန်တော်က အိမ်ထောင်ဦးစီး ဖေဖေ ဖြစ်ချင်ပြီး အိမ်သူသက်ထားကို ပိုးလိုဥထားနိုင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ချင်ခဲ့တာ ။ တကယ်တမ်းကျတော့လည်း သူနဲ့အိမ်ထောင်တစ်ခု ထူထောင်သလို စတင်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ စီးပွားရှာတဲ့အလုပ်ကို သူလုပ်သည်။ အိမ်အလုပ်တွေလည်း သူပဲလုပ်သည်။ အပြင်ကနေ အစားအသောက်တွေ မှာစားပေမယ့် သူအားတာနဲ့ မီးဖိုထဲမှာ ချက်ပြုတ်နေတတ်သည်။ တခါတလေများဆို အလုပ်တွေပိနေလို့ဆိုပြီး home studio ထဲက မထွက်လာတဲ့သူက မိုးလင်းပေါက် ဂိမ်းဆော့နေတဲ့ ကျွန်တော့်အခန်းထဲကို စားစရာလာပေးတတ်သေးတယ် ။ အရင်က သူများတွေရဲ့အမြင်ကိုပဲ ဦးစားပေးမိခဲ့ပေမယ့် တကယ်တမ်းကျတော့ ကိုယ်ချစ်တဲ့သူ ကိုယ့်ကိုချစ်တဲ့သူနဲ့ အတူရှိနေရတာလောက် စိတ်ချမ်းသာတယ်ဆိုတဲ့စကားကို ဘယ်မှာများသုံးသင့်သေးလဲ ။ တပါးသူပျော်ရင် စိတ်ချမ်းသာတယ်ဆိုတာ အလကားပါ... သူစိတ်ချမ်းသာဖို့ ကိုယ့်ကိုကိုယ် ညှဉ်းဆဲနေတာ ။ အသက် ၃၂ နှစ် အရွယ် အဆိုတော်ဟောင်း အလုပ်လက်မဲ့ ကျွန်တော်ဟာ အိမ်မှာနေပြီး အိပ်လိုက်စားလိုက် ဂိမ်းဆော့လိုက် သူ့သီချင်းတွေအတွက် အကြံပေးလိုက် Agency က Trainee တွေကို Vocal သင်ပေးလိုက်နဲ့ ဘယ်လိုတောင် အေးချမ်းနေလည်းဆိုတာ ။ မိုးလင်းရင် Chanyeollie သာ မရှိရင်နေမယ် မနက်စာတော့ ရှိပြီးသား ။ သူအချိန်မရလို့ ဝယ်မပေးခဲ့ မလုပ်ပေးခဲ့နိုင်ရင် Delivery နဲ့မှာထားတဲ့ဟာက တံခါးပေါက်မှာ ချထားပြီးသား ။ နဂိုထဲက song writer ဖြစ်တဲ့သူဟာ ကိုယ်ပိုင် Agency ကို စလုပ်တာနဲ့ အလုပ်တွေက ပုံပိနေတာ ။ တနင်္ဂနွေနေ့လေးတောင် မနည်းကို ဖယ်ခိင်းထားရတယ် ။ ကျန်တဲ့ ၆ရက်လုံး မျက်နှာချင်းမဆိုင်ဖစ်လောက်အောင် အလုပ်များနေရင်တောင်မှ တနင်္ဂနွေနေ့ကိုတော့ တစ်နေကုန်စကားပြောဖြစ်အောင်နေတယ် ။
[Phone ringing]
"Chanyeollie.... ဖုန်း ~~~~~~"
မျက်လုံးမဖွင့်ဘဲ လက်နဲ့စမ်းကာ ပိတ်လိုက်ပြီး လက်တွေက ပြန်ထွေးပွေ့လာသည် ။ အမှန်တိုင်းပြောရရင် တခြားသူဆီပါသွားမှာ.. ကျွန်တော့်ကို ရိုးသွားမှာကို ကြောက်နေမိပေမယ့် အလုပ်များလို့ ဂရုမစိုက်သလိုဖြစ်တာကလွဲရင် အရင်ကလိုပဲ သူကနွေးထွေးနေဆဲ ။ ကုတင်ဘေးက TV remote ကို လှမ်းယူကာ Tv ဖွင့်လိုက်တော့ နေသာနေတဲ့ မြို့မြင်ကွင်းဟာ Date လုပ်ချင်စရာ...
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...