_13_

3.2K 365 6
                                    

ဘဝရဲ့ အတက်အကျက အရမ်းကို မြန်လွန်းသလိုပဲ... ပထမဆုံး အမေနဲ့နေနေရာကနေ ရုတ်တရက်ကြီး ချမ်းသာတဲ့ လူရဲ့သားဖြစ်လာရတယ်... ချမ်းချမ်းသာသာနဲ့ နေနေရာကနေ နေစရာမရှိလောက်တဲ့အထိ ဆင်းရဲသွားပြန်တယ်.. အဲ့ဒီကနေ idol trainee ဖြစ်ခဲ့ရပြန်ပြီး ပွဲဦးထွက်ခွင့်ရခဲ့တယ်.. စပြီးပွဲဦးထွက်ကတည်းက ပရိသတ်အခိုင်အမာရထားတဲ့ ကျွန်တော့်ကြောင့်ပဲ လအနည်းအငယ်အကြာမှာ solo artist ဖြစ်ရပြန်တယ်... နဂို group ထဲကနေ ထွက်လာရပြီး အဲ့ group ကလည်း ကျွန်တော်နာမည်ရလာတာနဲ့တပြိုင်နက် Disband ဖြစ်သွားတယ်... စိတ်လည်းမကောင်းဖြစ်ရပြီး အပြစ်ရှိသလို ခံစားရမှုနဲ့အတူ အထီးကျန်မှုတွေပါခံစားခဲ့ရတယ်... အဲ့လိုကနေ စွပ်စွဲခံရမှူနဲ့အတူ ချစ်ရသူကိုလည်း ဆုံးရှုံးလိုက်ရတယ်... အခုဆို ဘယ်လောက်တောင်မှ ကြာနေပြီလဲဆိုတာ မမှတ်မိချင်လောက်အောင်ပါပဲ... ။ ကျွန်တော်သည်လည်း နေရာတစ်ခုရလာပြီး အေးချမ်းတဲ့ဘဝကို ရနိုင်ဖို့ပဲ မျှော်လင့်နေမိပါတယ်...

"Baekhyun ah ... အပြင်သွားကြမလား"

Kakao talk က စာကို အိုခေလို့ Reply လုပ်ရင်း IG က Chanyeollie ရဲ့ Acc ကို ဝင်ကြည့်ကာUpdate လုပ်ထားသေးလား မျှော်လင့်မိသော်လည်း အရင်တစ်ရက်ကတင်ထားတဲ့ ပုံသာရှိနေသည်.. အခုကျွန်တော် အဆင်ပြေအောင်ကြိုးစားနေတယ်... စီနီယာအစ်ကို အစ်မတွေနဲ့ အပြင်သွား မုန့်စားရင်း အထီးကျန်မှုကို ဖြေဖျောက်ရတာပေါ့... အခုတော့ Senior အစ်မ တစ်ယောက်နဲ့ တစ်ခုခုသွားစားကြဖို့ ချိန်းထားလိုက်တယ် ။

လူတွေက တကယ်ကို ထူးဆန်းတယ်... သာမန်လူမဟုတ်တာနဲ့ သာမန်ဘဝကို မဖြတ်သန်းရတော့ဘူးလား... ကျွန်တော် တကယ်ကို ပင်ပန်းနေပြီ... ကျွန်တော့်ဘေးနားက လူတွေကို ထိခိုက်တာတွေအတွက်လည်း စိတ်ကုန်နေပြီ.. ဓာတ်ပုံလိုက်ရိုက်ပြီး သတင်းထဲပာရတာလည်း ငြီးငွေ့နေပြီ ... အပြင်လေးအတူသွားမိရာကနေ ရလာတဲ့အကျိုးဆက်က ပြောမပြနိုင်အောင်ပါပဲ... Chanyeol ထွက်သွားကတည်းက ကျွန်တော် ဘယ်သူနဲ့မှ ရင်းနှီးအောင်လည်းမနေဘူး... ၂ယောက်တည်းမသွားဖြစ်အောင်လည်း သတိထားတယ်.. အထူးသဖြင့် ယောက်ျားလေးတွေနဲ့ပေါ့... ကျွန်တော်မဟုတ်တာအတွက် စွပ်စွဲခံရတာ အရမ်းဝမ်းနည်းဖို့ကောင်းတယ်... Chanyeollie နဲ့မဟုတ်ဘဲ တခြားတစ်ယောက်နဲ့ စွပ်စွဲခံရရင် ပိုပြီးခံပြင်းမိလိမ့်မယ်... အဲ့လောက်သတိထားနေတဲ့ကြားက အခုလို Scandal ထွက်လာတော့ အတော်လေးစိတ်ညစ်နေမိပါတယ်... Agency ကတော့ အရင်က စွပ်စွဲခံရတာကို ဖျောက်ဖျက်ဖို့ ဒီသတင်းကို confrim မှဖစ်မယ်တဲ့.. ကျွန်တော် Noona မျက်နှာကို ဘယ်လိုကြည့်ရမလဲ... ကျွန်တော့်အတွက်နဲ့ သူက လူမုန်းခံပေးရဦးမယ်... ကျွန်တော်သာ သေသွားရင် အားလုံးငြိမ်သက်သွားမလား... ။

Out Of The BromanceDonde viven las historias. Descúbrelo ahora