မျက်လုံးကို ဖွင့်လိုက်တော့ လူက မူးနောက်နောက်ဖြစ်နေသေးသည်... တစ်ခုခု တူးနေတဲ့အနံ့ကလည်း နှာခေါင်းထဲဝင်လာတာမို့ မျက်လုံးကို လက်နဲ့ပွတ်ကာ ကြည့်လိုက်တော့ မရင်းနှီးတဲ့ မျက်နှာကျက်ဖြူဖြူက စီးကြိုနေသည်.... ကျွန်တော်မှတ်မိသလောက် ကျွန်တော် Baekhyunne ရဲ့ကားပေါ်မှာ စကားပြောနေတာ.... ပြီးတော့ ဘာဆက်ဖြစ်သွားလဲ တွေးနေတုန်း အခန်းတံခါးဖွင့်သံနဲ့အတူ All black နဲ့ Baekhyunne ဝင်လာသည်....
"နိုးလာပြီလား "
"ဘယ်ရောက်နေတာလဲ "
ထထိုင်ကာ ခေါင်းက ဆံပင်တွေကိုဖွနေရင်း မေးလိုက်တယ်....
"ငါမင်းကို ကားတင်ပြေးလာတာ "
ခွီး.... Baekhyun ပုံစံက Drama ထဲက ပြန်ပေးသမားလို လူယုတ်မာပုံစံနဲ့ ပြောနေသည်မှာ အလွန်ရယ်စရာကောင်းသည်.... အပြင်ထုတ်ပြီး မရယ်မိအောင် မနည်းအောင့်ထားရသည်...
"မင်းက ကားတင်ပြေးတိုင်း မင်းနဲ့ငါ ညားရအောင် ငါတို့တွေက ယောက်ျားလေး မိန်းကလေး ဆက်ဆံရေးမဟုတ်ဘူးလေ .. ငါက ကားတင်ပြေးပါတယ်လို့ မီဒီယာကို မင်းဖြေရင်တောင် အခုချိန်မှာ ငါက ချစ်သူရည်းစားထားပြီး ပျော်နေတာလို့ပဲ သူများတွေမြင်မှာပဲ "
Baekhyun က လေသံအေးအေးလေးနဲ့
"အဲ့ဒါတွေက မင်း Seoul ကို ပြန်ရောက်မှ ဖြစ်လာမယ့်ကိစ္စတွေပါ... ငါက မင်းကို ပြန်မလွှတ်တော့ဘူး .. ငါတို့ဒီမှာပဲ နေရမှာ "
"ရတယ်လေ... မင်းငါ့ကို ဘယ်အချိန်ထိ ချုပ်ထားနိုင်မလဲ ကြည့်တာပေါ့ "
အခန်းထဲကနေ သူပြန်ထွက်သွားမှ မအောင့်နိုင်တော့ဘဲ ရယ်မိတယ်.... သူကျွန်တော့်ကို ကားတင်ပြေးလိမ့်မယ်လို့ ဘယ်တုန်းကမှကို မတွေးဖူးတာပါ... ကျွန်တော် Yujin ကို ကူညီရင်းနဲ့ Baekhyun ကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့လောက်ပဲ ရည်ရွယ်တာ... အခုတော့ Drama ထဲမှာပဲ မြင်ဖူးတဲ့ ကားတင်ပြေးတယ် တဲ့ ဟားဟား... Baekhyun က တစ်သက်လုံး ကျွန်တော်အလျှော့ပေးတာကိုပဲ ခံလာရသူပီပီ ကျွန်တော့်ကို အရှုံးပေးလိုက်မှာ သူစိုးရိမ်နေပုံပဲ... သူတောင်းဆိုလို့ ကျွန်တော်က သူ့ဆီလာတာမဟုတ်ဘဲ သူ့အတင်းရအောင်ယူလိုက်နိုင်တာ ဆိုပြီး ပွဲခံချင်တဲ့ပုံပဲ.... သူသာ လမ်းခွဲမယ်ပြောမိတာ သူ့အမှားပါ.. သူ့ဆီပြန်လာပေးပါ.. နောက်အဲ့လိုမပြောတော့ဘူးလို့သာ ပြောကြည့်လိုက် ကျွန်တော်က သူ့ဆီပြန်သွားဖို့ အဆင်သင့်ပဲ... ဒါမယ့် သူကျွန်တော့်ဆီရောက်လာတိုင်း မင်းငါ့ကိုချစ်နေသေးတယ်.. မင်းငါ့ကိုပဲ ချစ်တာနဲ့... သူမှားတယ်လို့မပြောတဲ့အပြင် လမ်းခွဲခံရတဲ့ ကျွန်တော်က ကိုယ့်ခြေထောက်နဲ့ကိုယ် သူ့ဆီပြန်သွားရမလိုလုပ်တာကြောင့် အမြင်ကပ်လို့ ပေကပ်နေခဲ့တာ... အခုတော့ ဘယ်လိုတွေ ဥာဏ်ဆင်မလဲ ကြည့်ရသေးတာပေါ့ ...။
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...