Chanyeollie ရဲ့ ချစ်သူအဖြစ် တရားဝင်နေရာရထားတဲ့ အမျိုးသမီးဟာ သူနဲ့သိပ်ကို လိုက်ဖက်လွန်းတယ်.... ပထမဆုံးအကြိမ်အဖြစ် ကိုယ်ယောက်ျားလေးဖြစ်နေတာကို မုန်းမိတယ်.... နှစ်ယောက်တွဲ ပွဲတက်တဲ့ပုံတွေ မြင်တဲ့အခါ ဘာမှကို အလိုမကျတော့ဘူး..... Public interaction သိပ်မပြတဲ့အနေနဲ့ interview တွေ မဖြေတာတောင်မှ News တွေမှာ သူတို့သတင်းတွေပဲ တင်နေတယ် .... တချို့ပွဲတွေမှာ MC တွေက စလို့ရှက်ပြုံးပြုံးနေတဲ့ အပြုံးတွေကို မုန်းတယ်... သူမရဲ့ အနုပညာလှုပ်ရှားမှုကိုမေးတဲ့အခါ ချစ်သူက Producer ဆိုတော့ လို့ အစချီချီပြီး မေးတာကြီးကို မုန်းတယ်... အမုန်းဆုံးအမေးကတော့ အဆိုးရွားဆုံး သတင်းထောက်ဆီကနေ သူမ အမေးခံလိုက်ရတဲ့ Chanyeol Ssi က ယောက်ျားလေးချင်းတွဲတယ်လို့ အရင်က ထွက်ခဲ့တဲ့ ကောလဟာလတွေကို ဘယ်လိုမြင်လဲတဲ့... အဲ့ဒီသတင်းထောက် အနားမှာသာရှိရင် သူလာပေးတဲ့ မိုက်နဲ့ ခေါင်းရိုက်ခွဲပစ်လိုက်ချင်တယ်..... လာသေးတယ် ကျွန်တော့်ကိုပါ Chanyeol ချစ်သူရသွားတော့ အထီးကျန်နေလား ဘာလား Baekhyun ရော ချစ်သူရှိနေပြီလား မရှိဘူးဆိုတော့လည်း ဘယ်တော့လောက်ရှာမလဲတဲ့... နောက်ပြီး Chanyeol ချစ်သူကို ဘယ်လိုမြင်လဲတဲ့.... ပြိုင်ဘက်လို့မြင်တယ်လို့ ဖြေပေးလိုက်ရမှာ... ဘာက သူ့ကိုပြောင်းလဲသွားစေတာလဲ ဆိုတာ စဉ်းစားလို့ကိုမရဘူး.. သူ့ချစ်သူ ဆိုတဲ့သူကို concert တွေမှာ ဖြတ်သွားဖြတ်လာ တွေ့ဖူးတာကလွဲရင် အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူး... ဝဋ်ဆိုတာလည်တတ်တယ် လို့ သူများတွေပြောရင် ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့တာ.... အခုမှပဲ ဘယ်လိုဆိုတာသိရတယ်... ဆီပူထဲ ထည့်ကြော်ခံရမှ ငရဲမဟုတ်ဘူး... seen ဖြစ်ပြီး Reply မလာတဲ့ ဖုန်းကို စာပို့နေရတာလည်း ငရဲပဲ.... အမှားတွေထဲက အမှားဆုံးကတော့ လမ်းခွဲပီးတဲ့နောက် ကိုယ်ကြိုက်တဲ့အချိန် သူ့ဆီပြန်သွားလို့ရတယ်လို့ လျှော့တွက်ခဲ့မိခြင်းပဲ... သူမမှားပါဘူး... သူအမြဲတမ်းအတွက် မှန်ကန်ခဲ့တယ်....
"Chanyeollie...... "
"အေးရအေးနဲ့ အထဲမဝင်ဘဲ ဘာလုပ်နေတာလဲ? "
Company Dinner ကိုမလာဘူးထင်ထားတာ.... ဦးထုပ်ကလေး ငိုက်ဆိုက်နဲ့ ရောက်ချလာတယ်... ဆိုင်အပြင်မှာ ရပ်ပြီး ရောက်တတ်ရာရာ တွေးနေတဲ့ ကျွန်တော့်ကို အထဲမဝင်ဘူးလားတဲ့....
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...