_8_

3.2K 375 7
                                    

သူ့ရဲ့ Live လာတော့ ဆိုင်က TV မှာဖွင့်ထားပြီး ဆိုင်ကဧည့်သည်တွေကို Hyung က Cake အလကားကျွေးရင်း Vote ပေးဖို့ပြောပေးတယ် .... ပြိုင်ပွဲအတွက် သူဆိုတဲ့ သီချင်းက Fly To The Sky ရဲ့ Missing You ~~~ ၂၂ ယောက်ထဲကနေ ၇ယောက်ပဲရွေးမှာဆိုတော့ သူ့အတွက်စိုးရိမ်မိတယ် .... ၆ယောက်ထိမပါလာတော့ လူကငိုချင်လာပြီ ... ၇ယောက်မြောက်လူဟာ Baekhyun ဆိုတာ ကြေညာတော့ မျက်ရည်က သူရော ကျွန်တော်ရော အတူတူ ကျလာတယ် ... နှုတ်ဆက်စကားပြောဖို့ သူ့ဆီ Mic ရောက်လာတော့ ....

"Chanyeollie .... ငါလုပ်နိုင်ခဲ့ပြီ ... ငါ Debut လုပ်ပြီး ငါ့အတွက်မင်းပင်ပန်းခဲ့သမျှ ငါပြန်ဖြည့်ဆည်းပါ့မယ် ... ငါ့အတွက်နဲ့ မင်းအရမ်းကို ပင်ပန်းခဲ့ပြီးပြီ အခုငါပြန်ကြည့်ရမယ့် အလှည့်ပဲ ... အားလုံးအတွက် ကျေးဇူးတင်ပါတယ် .... "

ကျေးဇူးတင်စကားမှာ ကျွန်တော့်ကို ထည့်ပြောသွားလို့ ပျော်ရတဲ့အပြင် သူ့အတွက်ဝမ်းသာမျက်ရည်ဟာ အတားအဆီးမဲ့စွာ ကျဆင်းလို့နေတယ် ... သူ့ကိုအရမ်းပဲ တွေ့ချင်မိတယ် ....

ဆိုင်သိမ်းချိန် ခြေလက်ဆေးပြီး အိပ်ဖို့လုပ်နေတုန်း

[Msg ring]

Baekhyunee ♡♡♡
*ဆိုင်တံခါးလာဖွင့်ပေး ... ချမ်းနေပြီ*

သူပြန်မလာလောက်သေးဘူး ထင်ထားပေမယ့် ဆိုင်ရှေ့ရောက်နေပြီဆိုတော့ အလန့်တကြားနဲ့ ပြေးဖွင့်ပေးမိတယ် .. တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ ဝုန်းကနဲ တွယ်တက်လာတဲ့ သူ ... သူ့ကိုယ်ကမလေးပေမယ့် ရုတ်တရက် ခွစီးခံလိုက်ရတော့ မလဲကျအောင်အမြန်ထိန်းလိုက်ရတယ် ... အမြန်ထိန်းလိုက်တယ်ဆိုရင်ပဲ နောက်ထပ်ကျရောက်လာတာက နှုတ်ခမ်းပေါ်ကို စိုစိုအိအိ အရာတစ်ခု ... ပူထူပြီး ဘာတွေဖြစ်နေမှန်း အခြေအနေကို သဘောတောင်မပေါက်သေးခင်မှာပဲ .. ကိုယ်ပေါ်ကပြန်ဆင်းသွားတယ် ...

"ငါDebut ခွင့်ရပြီ Chanyeollie ... ငါအထက်တန်းစာမေးပွဲမဖြေခင် Debut Song ထုတ်မယ်လို့ Agency ကပြောလိုက်တယ် ... မင်းနဲ့အတူ စာမေးပွဲဖြေပြီးရင် မင်းကို တက္ကသိုလ်တက်ခိုင်းမယ် ... မင်းဘွဲ့ရအောင်လုပ်ရမယ်နော် ... "

သူ့အိမ်မက်တွေတကယ်ဖြစ်လာတော့ ကျွန်တော့်အတွက်တွေးပေးနေတဲ့ သူဟာ အသည်းယားစရာကောင်းလောက်အောင် ချစ်စရာပါ ...

Out Of The BromanceWhere stories live. Discover now