_9_

3.1K 394 3
                                    

"Chanyeollie.... ဘာလုပ်နေလဲဟင် "

၂ပတ် ကြာပြီးမှ ပြောရတဲ့ ပထမဆုံးဖုန်း call ပါ.. သူဖုန်းနံပါတ်ပြောင်းလိုက်ပြီ... အေးပေါ့လေ.. သူက သာမန်လူမှမဟုတ်တော့ဘဲ...

"အခုလား? သီချင်းသွားဆိုမလို့လေ... Baekhyunne ဘာလုပ်နေလဲ အခု "

"အကလေ့ကျင့်နေတာ ခဏနားလို့လေ... Chanyeollie... မင်းဆီကို လိပ်စာတစ်ခုပို့လိုက်မယ်... ဘယ်သူမှမသိအောင် လာခဲ့နော်.. အခုတော့ ခေါ်နေလို့သွားတော့မယ်..  bye "

လိုင်းကျသွားပြီဖြစ်တဲ့ ဖုန်းကိုကြည့်ရင်း တိုးတိုး ရေရွတ်မိတယ်..

"လွမ်းတယ် Baekhyunee ရယ်.. "

ဂီတာလေးလွယ်ရင်း အချိန်ပိုင်းအလုပ်ဖြစ်တဲ့ စားသောက်ဆိုင်ကို ထွက်လာခဲ့ဖြစ်တယ်... ဆိုင်မှာ ခါတိုင်းလိုပဲ ကျွန်တော့် အသဲတုံးအတွက် ရေးထားတဲ့ သီချင်းလေးတွေကို ဆိုရင်း ဝင်ငွေရှာရတာပေါ့လေ....

"Chanyeol.. မင်းကို လူတစ်ယောက်ကတွေ့ချင်လို့တဲ့ "

Waiter အစ်ကို လာပြောတော့ စင်နောက်ဘက်ကနေ ထိုလူရှိရာ အပြင်ဘက်ကို ထွက်လာခဲ့လိုက်တယ်...

"မင်းနာမည် Park Chanyeol နော်.. ခုနက သီချင်းက ဘယ်သူရေးထားတာလဲ? "

"ဗျာ! ကျွန်တော်ရေးတာပါ.. ဘာလို့လဲ? "

လူလတ်ပိုင်းအရွယ် ထိုလူက ကျွန်တော့်ကို ပြုံးပြရင်း

"မင်းရေးထားတဲ့ တခြားသီချင်းတွေရှိသေးလား? "

"ဟုတ်ကဲ့... ရှိ... ပါတယ်"

"ဒီလိုပါ.. Hyung က သီချင်းရေးဆရာပါ.. မင်းရဲ့သီချင်းကို သဘောကျတဲ့အတွက် အသုံးပြုချင်လို့ပါ... Hyung ရဲ့ Agency က Solo Artist အတွက် မင်းရဲ့ သီချင်းကို အသုံးပြုချင်တယ်... မင်းသဘောတူမယ်ဆိုရင်ပေါ့.. "

ဘယ်လိုပြောရမလဲ? ရေကန်အသင့် ကြာအသင့်လို့ပြောရမလိုပဲ... ကျွန်တော်ဒီအနုပညာကို ဝါသနာမပါပေမယ့် ငွေကြေးဆိုတဲ့ ကိစ္စကိုဖြေရှင်းဖို့ ဒီအလုပ်က အဆင်ပြေလို့နေတယ်... ကျွန်တော့်သီချင်းကို အသုံးပြုမှုက ဇာတ်ဝင်တေးအတွက်တဲ့လေ.. ကျွန်တော်လိုက်သွားတဲ့အချိန်မှာ သူတို့ Agency က အရမ်း နာမည်မကြီးပေမယ့် နာမည်မရှိတဲ့ agency မဟုတ်ဘူး... Taekwon Hyung က ကျွန်တော့်သီချင်းအတွက် ကျွန်တော်ကိုယ်တိုင် producer လုပ်စေတယ်.. လူကောင်းနဲ့ဆုံရတာပါလေ... ကျွန်တော့်ရဲ့ ပထမဆုံး ပွဲဦးထွက်သီချင်းကို ကျွန်တော်သဘောကျတဲ့ idol Hwanhee Hyung ကဆိုတာ... Drama ကြောင့်ရော Idol ကြောင့်ပါ ကျွန်တော့် OST လေးက အောင်မြင်ခဲ့တယ်...

Out Of The BromanceWhere stories live. Discover now