*** Baekhyun's point of view ***
"Baekhyunee!!!!! မင်းဘယ်လိုဒါကို? Huh? "
အံသြနေတဲ့ သူ့မျက်နှာကို ကျွန်တော် ကျေကျေနပ်နပ်ကြည့်နေမိသည်... မတွေ့တာကြာလို့လားပဲ.. ပိုပြီးကြည့်ကောင်းလာပြီး ယောက်ျားပီသလာသည်...
"ငါဒီနှစ်တွေမှာ ရသမျှပိုက်ဆံနဲ့ဝယ်ထားတာ.. ဒီအိမ်လေးမှာ မင်းမွေးကတည်းကနေတယ်.. မင်းအမေနဲ့အမှတ်တရတွေရှိခဲ့မယ်.. ပြီးတော့ ငါတို့မိသားစု အမှတ်တရလည်းရှိတယ်.. ဒီအိမ်ကို မင်းဘယ်လောက်ချစ်မှန်း တန်ဖိုးထားမှန်း ငါသိတယ်.. မင်းကျေးဇူးကိုဒီနည်းနဲ့ပဲ ဖြစ်ဖြစ် ဆပ်ချင်လို့ပါ "
ကျွန်တော့်စကားကို ကြားတော့ ဝဲနေတဲ့ သူ့မျက်ရည်ကို ကျမလာအောင် ဖိသုတ်လိုက်ပြီး
"လူတွေဘာလို့ surprise လုပ်ခံရရင်ငိုလဲ ငါစဉ်းစားမရခဲ့ဘူး.. အခုတော့ အဲ့ခံစားချက်ကို ငါသိလိုက်ပြီ "
သူနဲ့အတူ အိမ်ထဲဝင်တော့....
"ငါလေ အဖေတို့အခန်းကို အရင်ကလိုပဲ ထားထားတယ်... ပြီးတော့ ငါ Studio အသေးလေးထည့်ထားတယ်.. ဒါလေးတော့ ငါ့ကိုခွင့်လွှတ်ပါ... ကျန်တာအားလုံးကို အရင်ကအတိုင်းပဲ ထားထားတယ်... ဘာမှမပြောင်းထားဘူး"
ကျွန်တော့်စကားကြားတော့ သူက အပေါ်ထပ်ကိုပြေးတက်သွားသည်... သူ့နောက်ကပြေးလိုက်သွားတော့ သူက အရင်သူ့အခန်းကိုဖွင့်ဝင်ကာ အိပ်ယာပေါ်မှာ ထိုင်နေသည်... ကျွန်တော်ဝင်လာတော့...
"တော်သေးတယ်... ဒီအခန်းလေးကို မခွဲလိုက်လို့... လာထိုင်ပါလား? "
ကျွန်တော်သူ့နားကို သွားထိုင်လိုက်ပါတယ်.. အမှန်တိုင်းပြောရရင် အရွယ်ရောက်သွားတဲ့အတွက် ကျွန်တော်တို့ အခန်းခွဲဖို့ စဉ်းစားမိပါသေးတယ်.. ဒါမယ့် အရင်အတိုင်းလုပ်ထားတာဆိုပြီး လိမ်ပြောပြီးပဲဖစ်ဖြစ် သူ့အနားနေချင်လို့ပါ..
"Baekhyunee... ဒီအခန်းလေးမှာ ငါတို့တွေ ရန်ဖြစ်လိုက်.. ပြန်တည့်လိုက်နဲ့ အမှတ်တရတွေရှိခဲ့တယ်နော်... "
မူလတန်းအရွယ်လောက်က အခန်းထဲက စာအုပ်စင်ပြိုတဲ့ထိ ခေါင်းအုံးရိုက်ပွဲ.. နပန်းလုံးပွဲ စတဲ့ သတ်ပွဲတွေ ဆက်ခဲ့တာ... တည့်သွားတော့လည်း ဒီအခန်းထဲမှာပဲ ရယ်လိုက်မောလိုက်နဲ့... ကျွန်တော့်ဘဝရဲ့ အပျော်ဆုံး အချိန်တွေပေါ့...
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...