~ အချစ်ရန်ပွဲ ~
"ငါနဲ့ဘာမှမပတ်သတ်ဘူးလို့ ပြောပြီးပြီမလား? "
"မပတ်သတ်ဘူးဆိုရင် သူကစာတွေပို့နေမလား ? မင်းဘက်က ဘယ်လိုမျှော်လင့်ချက်တွေ ပေးပြီး ကမြင်းထလည်းမှ မသိတာ "
အတူရှိလာတဲ့အချိန်ဟာ ကြာလာတာနဲ့အမျှ တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုတွေက တိုးလာသလို ငါ့ကိုရိုးနေပြီလားဆိုတဲ့ သံသယစိတ်ကလည်း တိုးလာခဲ့တယ်။ သူက ကျွန်တော့်ကိုပဲ ချစ်တာဆိုရင်တောင်မှ ယောက်ျားတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော့်ထက် မိန်းမတစ်ယောက်က ပိုပြီးဆွဲဆောင်နိုင်မလား လို့ထင်မိတဲ့အပြင် တချို့သောဖောက်ပြန်ခြင်းတွေက ရင်ဘတ်ထဲက မပါပေမယ့် ခန္ဓာကိုယ်က တောင်းဆိုတာလည်း ရှိနေနိုင်တယ်မဟုတ်လား။
"မင်းငါ့ကို တွေ့ရာမိန်းမနဲ့ ပေးစားနေတာများနေပြီ Baekhyun ... အဲ့ဒါမင်းငါ့ကို စော်ကားနေတာပဲ ... "
"ငါစော်ကားစရာ သိက္ခာတို့ မာနတို့က ရှိခဲ့လို့လား ... မင်းက ခဏလေးအတွင်းမှာတောင် နောက်တစ်ယောက်နဲ့တွဲတတ်တဲ့ ကောင် ဖြစ်ခဲ့တာပဲ ငါမှတ်မိတယ်"
"Baekhyun !!!!''
လေသံမာမာနဲ့ ခေါ်သံနဲ့အတူ ပခုံးကို ဆွဲဆောင့်လိုက်တာကို ခံစားလိုက်ရတယ် ။
ဂျိမ်း~
အခန်းတံခါးကို ဆောင့်ပိတ်ပြီးထွက်လာတော့ ကလေး၂ကောင်က ဆိုဖာပေါ်မှာ ထိုင်စောင့်နေတယ်။
"ဒီတခေါက် Appa Baek နောက်ကို အာယောင်းလိုက်ခဲ့မယ်နော် ။ Oppa... ခဏနေမှ ပြန်တွေ့မယ် "
အာယောင်းရဲ့ စကားကြောင့် ဒေါသထွက်နေရာကနေ ရယ်ချင်စိတ်ပါဖြစ်မိသွားတယ် ။ ရန်ဖြစ်ရင် အိမ်ပေါ်ကဆင်းတယ်ဆိုပြီး ကလေးတစ်ယောက်ခေါ်ပြီး ထွက်လာရာကနေ သူလိုက်ခေါ်ရင် အိမ်ပြန်ရောက်ရောက်သွားတာမို့ နေသားကျနေပြီဆိုတာကို ကလေးတွေက ပြလာသည်။ သူတို့လည်း မူလတန်း အရွယ်ကနေ အခု အထက်တန်းအရွယ်ထိ ရောက်နေပြီပဲ သိနေမှာပေါ့ ။
"ဒီတခါ Appa လိုက်သွားမှာမို့ အာယောင်းက Oppa နဲ့ အိမ်မှာ နေခဲ့ "
အခန်းထဲကနေ ထွက်လာတဲ့ Chanyeol မျက်နှာက တည်တည်ငြိမ်ငြိမ်ပဲ ။ ဘာလဲဟ ။
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...