Yuan Ru, Yuan Zong ကို ရှာတဲ့အချိန်မှာ သူဟာ လေ့ကျင့်ရေးကွင်းထဲမှာ ကိုယ်တိုင် လေ့ကျင့်ရေးဆင်းနေကြတဲ့ အသင်းသားတွေကို ကြပ်မတ်နေတယ် လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက တလလောက်ကြာအောင် အပြင်းအထန်လေ့ကျင့်ယူရမဲ့ လူသစ်လေးတွေကို ကုမ္ပဏီက ငှားလိုက်တယ် အဲဒီလူသစ်ထဲက သုံးပုံတပုံကိုသာ လက်ခံမှာဖြစ်ပြီး ကျန်တဲ့လူတွေကတော့ အထုတ်ခံရမှာဖြစ်တယ်
ခပ်လှမ်းလှမ်းမှာ သင်တန်းသား၆ယောက်ဟာ ကီလိုရာကျော်လေးတဲ့တာယာတွေကို ပခုံးထက်မှာ ဆွဲနေကြတယ် ပြီးတော့ အဲဒီလူတွေက တယောက်နဲ့တယောက် အရပ်မညီကြတဲ့အတွက် ပိုပင်ပန်းစရာကောင်းတဲ့အပြင် စောစောကလည်း ပြေးထားရသေးတဲ့အတွက် သာမန်လူတွေဆို မခံနိုင်လောက်တော့ပါဘူး
သုံးပတ်ပြေးပြီးတဲ့နောက်မှာ သင်တန်းသားတယောက် မထနိုင်တော့ဘူး
Yuan Zong ဘေးနားမှာ ရပ်နေတဲ့ ဒုတိယ commender က လျှောက်လာပြီး အဲဒီအသင်းသားကို ကန်လိုက်တယ် ဘွတ်ဖိနပ်က အချွန်တွေကြောင့် သူ့အရေခွံချက်ချင်းပဲကွာသွားတယ် အရမ်းနာကျင်လွန်းတဲ့အတွက် အဲဒီလူမြေကြီးပေါ်လဲသွားပြီး နာနာကျင်ကျင်ညည်းနေတယ်
"မတ်တတ်ရပ်စမ်း" ဒုတိယ commender က သူ့အသံကုန်အော်လိုက်တယ်
သင်တန်းသားက အရိုးထိအောင် ပင်ပန်းနေတာ ဘယ်လိုလုပ် သေသေချာချာ မတ်တတ်ရပ်နိုင်မှာလဲ
ဒုတိယ commender က သင်တန်းသားရဲ့ မြီးညှောင့်ရိုးပေါ် တက်ကြိတ်လိုက်တဲ့အတွက် အူထဲအသည်းထဲကအော်တဲ့ အသံကြီးထွက်ပေါ်လာတယ်
ဒီလိုမျိုးမြင်ကွင်းဟာ ဒီလိုလေ့ကျင့်ရေးကွင်းမှာ မြင်နေကြမြင်ကွင်းဖြစ်တဲ့အတွက် သင်တန်းသား ၉ဦးစလုံး မျက်တောင်တောင်မခတ်ပါဘူး
Yuan Zong သင်တန်းသားသစ်ဆီလျှောက်လာပြီး မထူးခြားနားလေသံနဲ့ အမိန့်ပေးလိုက်တယ် "ထစမ်း"
သူ့စကားလုံးတွေက သာမန်လိုပါပဲ နှစ်လုံးတည်းရယ် ဒါပေမယ့် သက်ညှာမှုမရှိတဲ့ သေနတ်နှစ်လက်လို ပြင်းထန်တဲ့ ကြောက်လန့်မှုကို ခံစားစေနိုင်တယ်
လူသစ်ဟာ ညည်းပြီး သူ့နောက်ဆုံးအင်အားသုံးပြီး မြေကြီးပေါ်က ထလာတယ်
BẠN ĐANG ĐỌC
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Lãng mạn"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...