နေဝင်ရီတရော အလုပ်ဆင်းတဲ့အချိန်မှာ ဖုန်းcall တခု လက်ခံရရှိပြီးတဲ့နောက် Xia Yao စိတ်လှုပ်ရှားစွာနဲ့ ကိုယ်ပိုင်ကလပ်တခုဆီ ခခြေသုတ်တင်သွားလိုက်တယ်
"လူကြီးမင်း ကျွန်တော့်နောက်လိုက်ခဲ့ပါ"
Xia Yao အခန်းတခန်းကို ခေါ်ဆောင်သွားခံလိုက်ရတယ် တံခါးဖွင့်ဖွင့်လိုက်ချင်းမှာ အမျိုးသားအမျိုးသမီးပေါင်းစုံ စုပြုံနေတာကို မြင်လိုက်ရတဲ့အတွက် Xia Yao နည်းနည်းတော့တွန့်သွားတယ် သူ့မျက်လုံးတွေက ဟိုဟိုဒီဒီဝှေ့ဝဲကြည့်လိုက်ပြီး အခန်းထောင့်မှာ တယောက်ထဲဆေးလိပ်သောက်နေတဲ့လူတယောက်ဆီမှာ ရပ်တန့်သွားတယ်
"Da Yu" Xia Yao ချက်ချင်းပဲ လှမ်းအော်လိုက်တယ်
တခြားလူတွေနဲ့ စကားပြောနေတဲ့ Xuan Da Yu အဲ့ဒီအသံကြားတာနဲ့ တခါတည်းပဲ မျက်စိဝှေ့ကြည့်လိုက်တယ် Xia Yao ပေါ်မျက်စိရောက်သွားခြင်းခြင်းပဲ သူမျက်လုံးတွေပွင့်ကျယ်လာပြီး နှလုံးသားတနေရာက မီးတောက်လေးတခု ပွင့်သွားသလို ခံစားလိုက်ရတယ်
"The fuck..."
ကျားသစ်တကောင်လိုပဲ Xuan Da Yu ဆိုဖာတွေပေါ်ကို ခုန်ကျော်လာ လူတွေကိုတောင်တိုက်မိပြီး Xia Yao ဆီကို ပြေးလာတယ် သူ့ကြီးကြီးမားမားလက်တစုံ Xia Yao ဂုတ်ပေါ်ရောက်သွားပြီးတဲ့နောက်မှာ ဆိုဖာပေါ် လေးလေးပင်ပင်တွန်းချလိုက်ပြီး Xia Yao မျက်နှာရော လည်ပင်းတွေရောပေါ်ကို အနမ်းမိုးတွေရွာချလိုက်တယ် အသားတောင်ကိုက်လိုက်သေးတယ်
ခါတိုင်းဆိုရင် သူများတွေနဲ့ အသားချင်းထိတွေ့ရမှာကို Xia Yao တစက်မှ သဘောကျလေ့မရှိဘူး ဒါပေမယ့် ဒီတခေါက်မှာတော့ သူအရမ်းစိတ်လှုပ်ရှားနေတဲ့အတွက် ဒေါသဖြစ်ဖို့တောင်မေ့နေတယ် Xuan Da Yu ကလည်း သူ့ကို ဖွဖွလေးစီ ကိုက်နေသလို သူကလည်းဒီအတိုင်းပြန်တုံ့ပြန်လိုက်ပြီး နှစ်ယောက်စလုံးမောတော့မှပဲ ရပ်ကြတော့တယ်
"ငါတို့နောက်ဆုံးတွေ့တာ ဘယ်လောက်ကြာပြီလဲ ခွေးမသား မင်းငါ့ကို တစက်မှ သတိမရဘူးမလား" စိတ်ဆိုးနေသလိုလေသံနဲ့ Yuan Da Yu ဆိုတယ်
Xia Yao ရဲ့ နီရဲနေတဲ့မျက်လုံးတွေကလည်း သဘောကျမှုတမျိုးကို ဖော်ကျူးနေတယ် "ဘယ်သူကဘယ်သူ့ကို သတိမရတာလဲ ငါမင်းကို ရှာနေတာနှစ်နဲ့ချီပြီ နှုတ်ဆက်စကားလေးတောင် တခွန်းမှမပြောသွားပဲ သုံးစားမရတဲ့ဖုန်းနံပါတ်တခုပဲ ပေးသွားတာဘယ်သူလဲ"
![](https://img.wattpad.com/cover/106985155-288-k739662.jpg)
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...