အခန်း ၂၇ ဘူးရဲ့အလွန်

8K 772 36
                                    

ဒီနေ့ update မတင်ဘူးလို့ပြောခဲ့ပေမယ့် ရေးလို့ပြီးသွားတာနဲ့ တင်လိုက်ပါတယ် 😊 ခေါင်းစဉ်အဓိပ္ပာယ်တော့ author လည်း နားမလည်ပါဘူး 😅 beyond the box လို့ ရေးထားပါတယ်

•••••

Yuan Zong ရဲ့ဖုန်းနံပါတ်ကို သူ့ကွန်ပြူတာထဲက ကိုယ်ရေးကိုယ်တာအချက်အလက်ဖိုင်ထဲကနေတွေ့ပြီးတဲ့နောက်မှာ Xia Yao နည်းနည်းတုံ့ဆိုင်းနေသေးပေမယ့် နောက်ဆုံးမှာ ဖုန်းနံပါတ်ကို ခေါ်ဖို့ဆုံးဖြတ်လိုက်တယ်

"ခင်ဗျားငှက်ကိုခေါ်လာပြီး ကျွန်တော့်ကို လာတွေ့ဦး"

အဲ့ဒီလိုပြောပြီးတာနဲ့ လျှပ်စီးလိုအမြန်နှုန်းနဲ့ ချက်ချင်းသူဖုန်းချလိုက်တယ်

နာရီဝက်အကြာမှာ Yuan Zong, Xia Yao နေရာဆီရောက်လာတယ် ဟိုတယောက်ကတော့ အိမ်ရှေ့ဆင်ဝင်နားကတောင် ရပ်စောင့်နေပြီ Yuan Zong ကားပေါ်ကနေ လက်ဗလာနဲ့ ဆင်းလာတာကိုမြင်တဲ့နောက်မှာ Xia Yao အဝေးကနေ ချက်ချင်းမေးလိုက်တယ် "ခင်ဗျားငှက်လေး ဘယ်မှာလဲ"

Yuan Zong သူ့ပေါင်ဂွကြားကို ပုတ်ပြလိုက်တယ် "ဒီမှာ"

Xia Yao အံကြိတ်လိုက်တယ် "ခင်ဗျားရဲ့သာလိကာကြီးကို ပြောနေတာ"

Yuan Zong နောက်တခေါက်သူ့ဂွကြားထဲ ပုတ်ပြလိုက်ပြန်တယ် "ဒီမှာ"

Xia Yao မျက်နှာရှုံမဲ့ခါနီးမှာ ရုတ်တရက် Yuan Zong ရဲ့ဘောင်းဘီထဲကနေ ငှက်အကြီးကြီးတကောင်ပျံထွက်လာတယ် ကိုယ်လုံးက မဲပြောင်နေပြီး အသံက ရွှေလိုအိနေတဲ့ငှက်ကြီးပေါ့ အဲ့ဒီနောက်မှာ Yuan Zong နောက်ထိုင်ခုံထဲက လှောင်ချိုင့်ကို ယူပြီး ငှက်ကို အထဲထည့်လိုက်တယ် ပြီးတော့ Xia Yao ဆီ ယူလာတယ်

Xia Yao ပါးစပ်ဟောင်းလောင်းနဲ့ ကြည့်နေမိတယ် ဒါ...ဒါမျက်လှည့်ပြကွက်မဟုတ်လား

အဖြေကို သိနေပေမယ့်လည်း Yuan Zong မေးလိုက်တယ် "ဘာဖြစ်လို့ငါ့ကို ဒီကိုငှက်ယူလာခိုင်းရတာလဲ"

"ကျွန်တော့်သာလိကာလေးက အဲ့ငှက်ကို သဘောကျပြီး ကျွန်တော်ကလည်း အဲ့ငှက်လေးထွက်သွားတာမကြည့်ရက်တာနဲ့ ကျွန်တော် ခင်ဗျားဆီက ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ် ဈေးပြော"

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Where stories live. Discover now