အခန်း ၅၂ နောက်ဆုံးမှာတော့ဖမ်းမိပြီပဲ

10.8K 666 40
                                    

မနက်အစောကြီးမှာ Xuan Da Yu လက်ဆောင်အချို့ယူပြီး Xia Yao အိမ်ကိုရောက်လာတယ်

သူ့အမေ Xuan Da Yu ကိုမြင်လိုက်တဲ့အခါမှာ အစပိုင်းတော်တော်အံ့သြသွားတယ် နောက်မှ ရင်းနှီးနေတဲ့မျက်နှာကိုမှတ်မိသွားပြီး ညင်သာတဲ့အပြုံးပန်ဆင်ထားတဲ့မျက်နှာတခုအဖြစ်ပြောင်းလဲသွားတယ်

"ဝိုး ဒါငါတို့ Da Yuလား သားကိုမတွေ့ရတာတောင်နှစ်တော်တော်ကြာနေပြီပဲ စက္ကန့်အတွင်းမှာ ကလေးကြီးဘဝပြောင်းသွားသလိုပဲ သားပြန်လာပြီလို့ အရင်ရက်အနည်းငယ်တုန်းက Xia Yaoတောင်ပြောနေသေးတယ် အန်တီသားကိုအိမ်လာလည်ခိုင်းမလို့ပဲ ငယ်ငယ်တုန်းကမှတ်မိသေးလား သားထမင်းအနပ်တိုင်းလိုပဲအန်တီတို့အိမ်ကိုပြေးလာစားတာ အန်တီတို့အိမ်ကအိမ်အကူချက်တာပိုကောင်းလို့လို့ဆိုပြီးတော့လေ အဲ့ဒီနောက်အန်တီ့အိမ်အကူပြောင်းသွားတော့လည်း သားအန်တီတို့အိမ်ဆီနေ့တိုင်းလာစားနေတုန်းပဲ သားအမေကတောင်အစာကြောင့်သားလာတာမဟုတ်ပဲ Xia Yao ကြောင့်အိမ်လာစားတာဆိုပြီးပြောတယ်"

Xuan Da Yu မလုံမလဲရယ်လိုက်ပြီး အိမ်ထဲဝင်လာတယ်

"အန်တီသားအတွက် လက်ဖက်ရည်တခွက်ဖျော်ပေးမယ်"

Xuan Da Yu ချက်ချင်းငြင်းဆိုလိုက်တယ် "ရတယ် အဆင်ပြေတယ်"

Xuan Da Yu ဒီလိုဆိုလိုက်ပေမယ့် Xia Yao အမေ မီးဖိုချောင်ထဲဝင်သွားပြီးလက်ဖက်ရည်သွားဖျော်နေလိုက်တယ်

Xuan Da Yu အခန်းတွေထဲလျှောက်ဝင်နေရင်း Xia Yao အိပ်ခန်းကိုမြန်မြန်ရှာတွေ့သွားတယ် အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာ Xia Yao အိပ်နေတယ်လို့ထင်မှတ်ထားပေမယ့် ကုတင်ပေါ်မှာသပ်ရပ်စွာခေါက်ထားတဲ့စောင်နဲ့ မီးပူတိုက်ပြီး အဝတ်တန်းမှာသေသေချာချာချိတ်ထားတဲ့ ရဲဝတ်စုံကိုမြင်လိုက်ရတယ် Xia Yao အပြင်ထွက်သွားတယ်ဆိုတာသိသာနေတယ်

Xuan Da Yu, Xia Yao အံဆွဲတွေကိုဖွင့်လိုက်တယ် ဒီနှစ်တွေမှာသူလွတ်သွားခဲ့တဲ့ ငယ်ဘဝရဲ့အပိုင်းအစတွေကိုလိုက်လံရှာဖွေနေမိတယ် ရလဒ်ကတော့ Peng Ze ပြောတဲ့အတိုင်းကွက်တိပါပဲ Xia Yao ဘဝအရမ်းအထီးကျန်ဆန်တာပဲ မိန်းကလေးတွေဆီက ဘာလက်ဆောင်မှ သူ့ဗီရိုထဲမှာမရှိဘူး စာရွက်စာတမ်းတွေပဲရှိတယ် စင်ပေါ်မှာလည်းဒီအတိုင်းပဲ နပန်းသတ်တာနဲ့ပတ်သက်တဲ့အဓိကစာအုပ်တွေရယ် စီးပွားရေးမဂ္ဂဇင်းတွေရယ်ပဲရှိတယ်

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Where stories live. Discover now