အခန်း ၅၃ ရန်သူတွေအကြိတ်အနယ်ရင်ဆိုင်နေကြခြင်း

9.5K 577 52
                                    

သူစိမ်းရဲ့မြဲခိုင်တဲ့ကျောပြင်ပေါ်မှာ Wang Zhi Shui ဆန့်တန်းလိုက်တယ် တိတ်တိတ်လေးဝမ်းမြောက်နေရင်းနဲ့ပေါ့ ဒီနည်းဗျူဟာအရမ်းကောင်းတာပဲ အရင်တခေါက်ကလို ငွေကြေးချောင်လည်တဲ့လူတယောက်နဲ့တွေ့ရင်တော့ အချီကြီးရမှာပဲ

ရုတ်တရက်သူ့အနောက်မှာထူးထူးဆန်းဆန်းလေစိမ်းတခုကိုခံစားလိုက်ရတယ် လူစိမ်းရဲ့ကျောပေါ်မှာမြဲမြဲဆုပ်ထားတဲ့သူ့လက်နှစ်ဖက်ဟာ ကွာသွားပြီး တကိုယ်လုံးကအနောက်ကိုယိုင်ကျလာတယ်

အား! အား! အား! ဒါဘာလဲ

Zhi Shui ပြန်တုံ့ပြန်ဖို့အချိန်မရလိုက်ဘူး Xuan Da Yu က သူ့ကိုကော်လာကနေဆွဲကိုင်ပြီး မြေကြီးပေါ်ပစ်ချလိုက်တယ်

သူတက်ခဲ့တဲ့ကျောပိုင်ရှင်ကို Zhi Shui အပြစ်တင်မလို့ပဲ မော့ကြည့်လိုက်တဲ့အခါမှာ သူDa Yuမျက်နှာကို မြင်လိုက်ရတယ် သူ့နှုတ်ခမ်းအချိန်အကြာကြီးတွန့်သွားမိပြီးတဲ့နောက်မှာ သိသိသာသာသဘောမကျတဲ့ပုံနဲ့ ဒူးထောက်ပြီးထရပ်လိုက်တယ်

Zhi Shui နဖူးပေါ်မှာဝဲကျနေတဲ့ရွှေဝါရောင်ဆံပင်အသိုက်ကိုဆုပ်ကိုင်လိုက်ရင်း Da Yu လှောင်လိုက်တယ် "ကြိုးစားသားပဲ ရက်တောင်သိမ်မကြာသေးဘူး ဂျပန်ရော့ကာစတိုင်ကနေ HKT[1] စတိုင်ဖြစ်လာတယ်ပေါ့လေ"

Zhi Shui နဖူးပေါ်မှာဝဲကျနေတဲ့ရွှေဝါရောင်ဆံပင်အသိုက်ကိုဆုပ်ကိုင်လိုက်ရင်း Da Yu လှောင်လိုက်တယ် "ကြိုးစားသားပဲ ရက်တောင်သိမ်မကြာသေးဘူး ဂျပန်ရော့ကာစတိုင်ကနေ HKT[1] စတိုင်ဖြစ်လာတယ်ပေါ့လေ"

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

([1] HKT= ဗီယက်နမ် ယောကျာ်းလေးband)

Zhi Shui မျက်ဆံက မျက်လုံးအိမ်ထဲမှာ လည်သွားတယ် မျက်ခုံးနှဟ်ဖက်တင်းနေအောင်ကျုံ့ပြီး အသံကလေးတွဲတွဲနဲ့ဆိုလိုက်တယ် "မဟုတ်ဘူး... ခင်ဗျား... ဘယ်သူလဲ"

"အံ့သြစရာပဲ အချင်ယောင်ဆောင်မနေနဲ့" Xuan Da Yu တဖက်လူရဲ့ဂုတ်ကို အားနဲ့ရိုက်ချလိုက်တယ် "မင်းဒီလောက်တောင်မေ့တတ်ရသလား"

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Donde viven las historias. Descúbrelo ahora