၁၀ စက္ကန့်လောက်အကြာမှာ ဘာအားမှမကျန်တော့တဲ့ဝရမ်းပြေး သတိမေ့သွားတယ်
Xia Yao နောက်ဆုံးမှာစိတ်အေးချမ်းသာရာရသွားပြီး သူ့ကိုယ်သူသတိပြန်ဆယ်လာနိုင်တယ်
Xia Yao ရုတ်တရက်ထွက်လာရင် အန္တရာယ်မဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ Yuan Zong အဲ့ဒီလူကို မြေကြီးပေါ်ဖိထားလိုက်တယ် ပတ်ဝန်းကျင်ကိုသေချာစစ်ဆေးပြီးတဲ့နောက်မှာ ကျည်ကတ်နှစ်ခုတွေ့တာနဲ့ အိတ်ထဲကောက်သိမ်းလိုက်တယ်
အခုငါ့ကို ဒီထဲကနေထုတ်ပေးလို့ရပြီလား Xia Yao ပြတင်းပေါက်ကိုထုရင်း အိမ်ထဲကနေဗလုံးဗထွေးပြောနေတယ်
ဒါပေမယ့် Yuan Zong သူ့ကို မသိကျေးကျွန်ပြုလိုက်တယ် ရာဇဝတ်ကောင်ကို သူ့ဘာသာသူကိုင်ပြီး အနီးကကားဆီ လူမြင်မကောင်းတဲ့ပုံစံနဲ့ ဆွဲခေါ်သွားတယ် အသင့်ယူလာတဲ့ကြိုးနဲ့တုပ်လိုက်ပြီး နောက်ဖုံးထဲပစ်ထည့်လိုက်တယ် အဲ့ဒါအကုန်လုပ်လို့ပြီးတော့မှပဲ Yuan Zong, Xia Yao အိပ်ခန်းပြတင်းပေါက်ဆီပြန်လာခဲ့တယ်
ဝေဝါးနေတဲ့မှန်ကြားထဲက Xia Yao မြင်ရတာက မိုးရေထဲမှာ ပြေးလာတဲ့ အရပ်ရှည်ရှည်ဗလတောင့်တောင့်လူတယောက်ရဲ့ မှုန်မှုန်ဝါးဝါးပုံသဏ္ဌာန်လေးတခုပေါ့
ရုတ်တရက် ပြတင်းပေါက်ဝုန်းကနဲပွင့်သွားတယ် "အဲ့လူဘယ်မှာလဲ" Xia Yao မေးလိုက်တယ်
"ကြိုးတုပ်ထားပြီးပြီ မနက်ဖြန်ကျမှ ရဲလက်အပ်ရမယ်"
အဲ့ဒီနောက် ပစ်စတိုနဲ့ ကျည်ကတ်တွေကို ထုတ်လိုက်ပြီး အထဲကိုပစ်ပေးလိုက်တယ်
Xia Yao ယူလိုက်ပေမယ့် လုံးဝမကျေနပ်သေးဘူး Yuan Zong ကို ဒေါသတထောင်းထောင်းနဲ့ ကြည့်လိုက်တယ်
"ဘာဖြစ်လို့ တံခါးကို ဂျက်ချသွားရတာလဲ ကိုယ့်ကိုကိုယ်ဘာကောင်လို့ထင်နေလဲ တခုခု big shotကြီးလို့များထင်နေလား မာနက တလွှားလွှားနဲ့ တယောက်တည်း လူဆိုးတွေကို တယောက်ချင်းလိုက်တိုက်ခိုက်အောင်နိုင်ပြီး ကယ်တင်ရှင်သူရဲကောင်းကြီးဖြစ်ချင်နေလား ခွေးမသား ငါကမှ ရဲသားအစစ် ငါ့အလုပ်ကို လာနှောက်ယှက်ရအောင် ဘယ်သူကမင်းကိုအခွင့်အရေးပေးထားလို့လဲ"

ESTÁS LEYENDO
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...