အခန်း ၄၄ ငါနဲ့လာ လေကောင်းလေသန့်ရှူရအောင်

6.9K 720 43
                                    

စာသင်ချိန်ပြီးတဲ့နောက်မှာ Yuan Zong ကိုယ်တိုင်တောင်လာမခေါ်ရပဲ Xia Yao တယောက် သူ့အသိစိတ်နဲ့သူ အဲ့ဒီလူကြီးကိုလိုက်ရှာဖို့ထွက်လာခဲ့တယ် ရှင်းရှင်းပြောရရင် အဲ့ဒီဟင်းက Yuan Zong ရဲ့ လက်ရာကျော်ဆိုတာ သူ့စိတ်ထဲမှာသံသယနည်းနည်းဝင်နေတုန်းပဲ မီးဖိုချောင်နားရောက်တဲ့အခါမှာ တံခါးနောက်ပုန်းလိုက်ပြီး တံခါးကြားထဲကနေ ချောင်းကြည့်လိုက်တယ်

အထဲမှာ Yuan Zong ကလွဲလို့ဘယ်သူမှရှိမနေဘူး

Yuan Zong ကြာမြစ်တွေ အနီရောင်သန်းအောင်ပြုတ်ပြီးတဲ့နောက်မှာ အိုးထဲကထုတ်လိုက်တယ် အမြစ်တွေအေးအောင်စောင့်ပြီးတဲ့နောက်မှာကျွမ်းကျွမ်းကျင်ကျင်အခွံချွတ်ပြီး အဝိုင်းသေးသေးလေးတွေဖြစ်အောင်လှီးလိုက်တယ် ပြီးတော့ပန်းကန်ထဲထည့်လိုက်တယ် အဲ့ဒီနောက်မှာ ထုချေထားပြီးတဲ့ကျောက်တုံးလိုမာနေတဲ့ အဖြူရောင်သစ်ကြားပိုးခေါက်သကြားကိုဆက်ထည့်လိုက်ပြီး ပေါင်းအိုးအဖုံးကိုနောက်ဆုံးအနေနဲ့ဖုံးလိုက်တယ်

Xia Yao တယောက် မျက်လုံးတွေကော်ကပ်ထားသလို မျက်တောင်မခတ်တန်းလူကိုချောင်းကြည့်နေတုန်းမှာ ကျောပေးနေရင်းပဲYuan Zong ရဲ့တည်တည်ငြိမ်ငြိမ်လေသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်

"ကြည့်ချင် ဝင်လာခဲ့ ခိုးကြောင်ခိုးဝှက်လုပ်နေစရာမလိုဘူး"

အဲ့ဒီအခါကျမှပဲ Xia Yao တံခါးတွန်းဖွင့်လိုက်ပြီး တံခါးဘောင်ကိုမှီရပ်ကြည့်နေလိုက်တယ် သူ့အကြည့်မှာ လေးစားတဲ့ပုံပေါက်တယ်ဆိုတာဖုံးကွယ်လို့မရပေမယ့် လေသံကတော့ခါးနေပြီး မနာလိုနေတာလား လက်မခံနိုင်ဖြစ်နေတာလားမသဲကွဲဘူး

"ပါရမီအပြည့်နဲ့ပေါ့"

Yuan Zong သူ့ရှေ့လျှောက်လာပြီး ကြွက်သားအပြည့်လက်မောင်းတခုက ပိုငယ်တဲ့သူရဲ့ခေါင်းဘေးကတံခါးကို လက်ထောက်လိုက်တယ် သူ့ခပ်စူးစူးအကြည့်က Xia Yao ပေါ်တစိုက်မတ်မတ်ရှိနေတုန်းပဲ

"ဒီလိုပစိပစပ်များတဲ့လူတယောက်နဲ့တွေ့မိလို့လေ"

Xia Yao တမင်သက်သက် ဒီစကားရဲ့လျှို့ဝှက်အဓိပ္ပာယ်ကို မသိကျေးကျွန်ပြုလိုက်တယ် ကြီးတဲ့လူရဲ့ပခုံးကိုပုတ်လိုက်ပြီး အင်တင်တင်နဲ့ဆိုတယ် "ကျေးဇူးပဲ"

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Where stories live. Discover now