Xia Yao ရဲ့စိတ်ရုတ်တရက် မီးဟုန်းဟုန်းတောက်သွားတယ် Yuan Zongရဲ့လည်ပင်းကို ရွယ်ပြီး လက်သီးတလုံးပစ်လွှတ်လိုက်တယ်
"လီးပဲ ဘယ်သူကို နှိုးနှိုးဆွဆွဖြစ်နေတယ်လို့ပြောနေတာလဲ"
လျှပ်လိုပဲ မြန်မြန်ဖျတ်ဖျတ်နဲ့ Yuan Zong သူ့ဆီလာနေတဲ့ လက်သီးကို လက်နဲ့ ဒုတ်ကနဲ ရပ်တန့်လိုက်တယ် လက်ချောင်းငါးချောင်းကတဖြည်းဖြည်းကွေးလာပြီး Xia Yao လက်ကို သူ့လက်ထဲဆုပ်ကိုင်ထားလိုက်တယ်
Xia Yao လက်တွေပြန်ဆွဲထုတ်ဖို့ကြိုးစားပေမယ့်လည်း ဆွဲထုတ်လို့မရဘူး
ဒေါသထွက်နေတုန်းပဲဖြစ်တဲ့ တစုံတယောက်သောသူက နောက်ထပ်လက်သီးတလုံးကို Yuan Zong ဆီ ပစ်လွှတ်လိုက်ပြန်တယ် ဒါပေမယ့်လည်း စောစောကလိုပဲ Yuan Zong လက်ထဲအဖမ်းဆုပ်ခံလိုက်ရပြန်တယ်
"ကျွန်တော့်လက်တွေလွှတ်ပေးစမ်း" Xia Yao ရဲ့မျက်လုံးတွေအရောင်တောက်လာတယ်
Yuan Zongက မလွှတ်ပေးတဲ့အပြင် ပိုပြီးတော့တောင် တင်းကျပ်ပြီးဆုပ်ထားလိုက်တယ် မသိရင် Xia Yao လက်ကအရိုးတွေရော အသားတွေရော အကုန်အမှုန့်ဖြစ်အောင်ခြေပြီး သူ့လက်ဖဝါးမှာအမှုန့်လေးတွေကို လက်ရာအဖြစ်ပုံမှတ်ချင်နေသလိုပဲ
Xia Yao တဆစ်ဆစ်ကိုက်လာတယ် သူ့မျက်လုံးတွေ Yuan Zong ကို စူးစူးစိုက်ကြည့်နေတဲ့အချိန်မှာ သူ့ရင်ထဲမှာ ခါးသီးမှုက ဘယ်ကနေမှန်းမသိထွက်ပေါ်လာတယ်
Yuan Zongက သူ့ကို ငြိမ်ငြိမ်သက်သက်လးပဲကြည့်နေတယ် ဒါပေမယ့် ဓားတွေလိုစူးရှပြီး မီးလိုပြင်းပြင်းထန်ထန်အကြည့်မျိုး တဖက်လူကို အားရပါးရကိုက်စားတော့မယ်ဆိုတဲ့ခံစားချက်မျိုးပေါက်စေတဲ့ အကြည့်မျိုးပေါ့ Xia Yao နည်းနည်းဗျာယာခတ်လာတဲ့အချိန်မှာပဲ အားကောင်းမောင်းသန်ကိုယ်လုံးကြီးက သူ့ကိုမြှောက်လိုက်ပြီး ပိုငယ်တဲ့သူရဲ့ကိုယ်လုံးလေးကလည်း Yuan Zong ကိုယ်ပေါ်ကျရောက်သွားတယ်
ဒီကြီးမားကျယ်ပြန့်ပြီး မြဲခိုင်တဲ့ရင်ဘတ်ကြီးပေါ်ကို Xia Yao မျက်နှာအပ်မိတဲ့အသံ ဒုတ်ခနဲထွက်ပေါ်လာတယ် သူမတ်မတ်တောင်ပြန်မရပ်နိုင်ခင်မှာပဲ သူ့ခြေထောက်တွေက သူ့ကို မထောက်နိုင်တဲ့အတွက် ခန္တာကိုယ်အနောက်ကိုပြန်လန်ကျသွားပြီး တကိုယ်လုံးခုတင်ပေါ်ကို လဲကျသွားတယ်
BẠN ĐANG ĐỌC
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Lãng mạn"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...