အခန်း ၂၂ ပြတင်းပေါက်ရဲ့ တဖက်တချက်

7.2K 784 36
                                    

ညနေအလုပ်ပြီးတော့ Xia Yao ပိုးသတ်ဆေးတဘူးဝယ်လာတယ်

ငါးဟင်းရည်တွေနဲ့ပေကျံနေတဲ့ နံရံကို သန့်ရှင်းရေးလုပ်လိုက်ပြီးတဲ့နောက်မှာ ပိုးသတ်ဆေးနဲ့ ပတ်ဖြန်းလိုက်တယ် ဒါပေမယ့် ပိုးသတ်ဆေးဖြန်းနေတဲ့ သူ့အမူအရာက အမေ့ကွတ်ကီးဘူးထဲက မုန့်ခိုးစားနေတဲ့ကလေးတယောက်လိုပဲ ဖမ်းမိမှာခပ်လန့်လန့်နဲ့ပေါ့ အမှိုက်ထုတ်ကိုပစ်ရတာက လွယ်ပေမယ့် သန့်ရှင်းရေးလုပ်နေရတာက တော်တော်ခက်ခဲတယ် တော်တော်အချိန်ကြာတဲ့အထိ လုပ်လို့ကိုမပြီးဘူး

ည၉နာရီရောက်မှပဲ Xia Yao သူ့ပြတင်းပေါက်အပြင်ဘက်က စစ်မြေပြင်လို အမှိုက်ပုံကြီးကို ရှင်းလင်းလို့ပြီးသွားတယ်

သူ့နဖူးပေါ်က ချွေးကို သုတ်ပြီး တိတ်တိတ်လေးညည်းညူလိုက်မိတယ်

အမှိုက်လွှတ်ပစ်လိုက်ပြီး သန့်ရှင်းရေးတခါပြန်လုပ်တယ် ခြင်တွေကိုဖိတ်ခေါ်လိုက်ပြီး ပြန်မောင်းထုတ်တယ် ဒါအချိန်တွေပိုလွန်းလို့ဒေါသထွက်ရတဲ့အထိပဲလို့ လူတွေပြောပြောနေကြအခြေအနေလိုပဲ Yuan Zong ကို ဒီအတိုင်းတဲ့တဲ့ပြောပြီး တိုက်ရိုက်မောင်းထုတ်ပစ်လို့ရတာပဲကို ဘာလို့မလုပ်ပါလိမ့်လို့ Xia Yao စဉ်းစားနေမိတယ်

အဲ့ဒီနောက်မှာတော့ လက်မခံချင့်ခံချင်နဲ့ အကြောင်းပြချက်တခုကို သူလက်ခံလိုက်ရတယ်

Yuan Zong က တချိန်တုန်းက အထူးတပ်ဖွဲ့ဝင်တယောက် ထူးကဲတဲ့စိတ်နေစိတ်ထားနဲ့ မြဲမြံတဲ့စိတ်ဆန္ဒနဲ့လူတယောက် သူလိုလူကို မောင်းထုတ်လို့မရနိုင်ဘူး တဖက်မှာတော့ Yuan Zong လို pro အဆင့် သက်တော်စောင့်တယောက်ကို Xia Yao အလကားရလိုက်တယ် ဒီလိုအခွင့်အရေးဆိုတာ တော်ရုံတန်ရုံလမ်းပေါ်ကနေ ကောက်ရမယ့်အခွင့်အရေးမဟုတ်ဘူး

ပင်ပန်းနေလို့ပဲထင်တယ် Xia Yao အိပ်ရာပေါ်မှာ လှဲပြီးပြီးချင်းမှာပဲ အိပ်ပျော်သွားတယ် မီးရော လိုက်ကာရောတောင်မပိတ်နိုင်တော့ဘူး

Yuan Zong ရောက်လာတဲ့အခါမှာ ပိုးသတ်ဆေးအနံ့က မပြယ်သေးဘူး ညလေက တိုက်ခတ်သွားတဲ့အခါမှာ ပိုးသတ်ဆေးရဲ့ ထူးခြားတဲ့အနံ့ကို သယ်ဆောင်လာတယ် Xia Yao ရဲ့ အလိုမကျတဲ့မျက်နှာနဲ့ ပိုးသတ်ဆေးဖြန်းနေပုံကိုတောင် Yuan Zong မြင်ယောင်မိတယ်

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Tahanan ng mga kuwento. Tumuklas ngayon