အပူချိန်လျော့ကျလာတာနဲ့အတူ အချိန်ဟာလည်းတဖြည်းဖြည်းဖြတ်သန်းသွားခဲ့တယ် မျက်စိတမှိတ်အတွင်းမှာပဲ သောကြာနေ့ဖြစ်လာပြန်တယ် အရင်တုန်းကဆိုရုံးရက်တွေမှာအရမ်းပင်ပန်းတဲ့အတွက် ရုံးပိတ်ရက်သင်တန်းကိုလာတက်တဲ့အချိန်မှာ Xia Yao မနည်းအားတင်းနေရသလိုပဲ ဒါပေမယ့်အခုနောက်ပိုင်း ခွန်အားပိုရလာတဲ့ပုံနဲ့ Xia Yao ရုံးပိတ်တဲ့ရက်တွေထိတောင် မစောင့်နိုင်တော့ပဲ အလုပ်စောစောပြီးတဲ့ရက်တွေဆို တခါတလေလမ်းကြုံဝင်လာလေ့ရှိတယ်
နေ့လယ်သုံးနာရီလောက်မှာပဲ Xia Yao အလုပ်ပြီးသွားတဲ့အတွက် Yuan Zong ကုမ္ပဏီကိုယူသွားဖို့ တည်သီးခပ်ကြီးကြီးတသေတ္တာကို သူတယိမ်းတယိုင်နဲ့ပြင်ဆင်နေမိတယ်
သူရောက်လာတဲ့အချိန်မှာ လူတိုင်းကအပြင်မှာလေ့ကျင့်နေကြတုန်းပဲရှိသေးတယ် သင်တန်းသားတွေကိုကိုယ်တိုင်နည်းပြနေတဲ့ Yuan Zong ကို Xia Yao အဝေးကနေငေးကြည့်နေမိတယ် သေနတ်တလက်လက်ထဲမှာဆုပ်ကိုင်ထားတဲ့Yuan Zong ဟာ လုံးဝမတွေးမြင်နိုင်တဲ့အမြန်နှုန်းနဲ့ရွေ့လျားနေတယ် ဘန်း ဘန်း ဘန်း ဒရမ်သံတွေလိုပဲ ပစ်မှတ်၂၅ခုက သေနတ်ပစ်သံနဲ့စည်းချက်ညီညီလဲကျသွားတယ် Xia Yao စိတ်နစ်မြောနေမိတယ် ဝီစိသံကြားလိုက်တဲ့အခါမှ သူလေ့ကျင့်ရေးမြေအတွင်းပိုင်းပြန်ဝင်သွားမိတယ်
အခန်းထဲခြေချပြီးတဲ့နောက်မှာ Xia Yao ကတ်ထူသေတ္တာကိုချလိုက်ပြီး အအေးဒဏ်လျော့သွားအောင်လက်နှစ်ဖက်ကိုပွတ်လိုက်တယ် အဲ့ဒီနောက်မှာ အကြီးဆုံးနဲ့အနီဆုံးတည်သီးနှစ်လုံးကိုထုတ်လိုက်တယ်
သိပ်မကြာခင်မှာ သင်တန်းသားတွေပြန်ရောက်လာတယ်
"အား ကြည့်စမ်း Xia Yao, မင်းဘယ်တုန်းကရောက်လာတာလဲ"
Xia Yao လက်ယပ်ခေါ်လိုက်တယ် "ဝင်လာခဲ့ ငါမင်းတို့အားလုံးအတွက် တည်သီးတွေယူလာတယ်"
သူဒီလိုဆိုပြီးပြီးချင်းမှာ ယောကျာ်းသားတသိုက် အကောင်းဆုံးအသီးကိုရဖို့တွန်းထိုးဝှေ့လာကြတယ် ဒီကိုXia Yao သစ်သီးတွေယူလာတိုင်း သူတို့သဘောကျကြလေ့ရှိတယ် တဖက်မှာ Xia Yaoက လူတိုင်းချစ်ခင်ရတဲ့ချစ်စရာယောက်ဖလေးတယောက်ပေါ့ သူ့နာမည်ကောင်းမပြောမဲ့သူဘယ်သူမှမရှိကြဘူး တဖက်မှာ Xia Yaoသယ်လာတဲ့စားစရာက တကယ်စားလို့ကောင်းတယ် ရိုးရိုးဈေးတွေမှာဝယ်လို့မရနိုင်တဲ့ဥစ္စာမျိုးပေါ့
ŞİMDİ OKUDUĞUN
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romantizm"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...