ဟိုတနေ့က ficအဖတ်လွန်သွားလို့မရေးဖြစ်လိုက်ဘူး မနေ့ကကျတော့ editလို့မပြီးတာနဲ့ ဒီနေ့မှတင်ဖြစ်တယ် 😅 Sorry 😣😣😣 ဖတ်တုန်းကတော့ သိပ်မဖြုံဘူး တကယ်ပြန်တဲ့အခါကျမှ 😖😖😖 ဒါနဲ့ mature warning ပါနော် နောင်ကျရင်လည်း mature sceneတွေ ခပ်စိတ်စိတ်ပါလာတော့မှာမို့ minorလေးတွေအတွက် warning ပါ warnလည်း တကယ်ဖတ်ချင်ရင်ဖတ်ကြဦးမှာပါပဲ 😑
•••••
Xia Yao သူ့အောက်ကခေါင်းအုံးဆွဲထုတ်လိုက်ပြီး သူ့ခေါင်းနဲ့ Yuan Zong ခေါင်းကြား အကာအဖြစ်အသုံးပြုလိုက်တယ် ဒါပေမယ့် Yuan Zongက ဒီစိတ်တိုချင်စရာအကွက်တွေကို မရပ်တဲ့အပြင် ပိုပြီးအတင့်ရဲလာတယ် သူ့လက်ကိုXia Yaoအတွက်ခေါင်းအုံးအဖြစ်အသုံးပြုလိုက်တဲ့အတွက် Xia Yao တယောက် ခေါင်းအစခြေတဆုံးအဖက်ခံနေရသလိုဖြစ်သွားတယ်
Xia Yao ပြန်စွာကိုက်နေတာကိုရပ်လိုက်ပြီး Yuan Zongကိုမသိကျေးကျွန်ပြုလိုက်တယ် ဖက်ပစ်လေ့စေ ဒီလိုဥပက္ခာပြုလိုက်ရင် သူရှက်သွားလိမ့်မယ်ပေါ့
Xia Yao ခေါင်းပေါ် Yuan Zong မေးတင်လိုက်တယ် အကြည့်က ပြတ်သားထင်းလင်းတဲ့ Xia Yaoမျက်နှာရဲ့အကြောင်းတွေဆီ စေ့စေ့စပ်စပ်ဝေ့ရောက်သွားပြီး နောက်ဆုံးမှာ သူ့နားရွက်ထဲလေမှုတ်ထုတ်လိုက်တယ်
"အရမ်းလှလိုက်တာ"
Yuan Zong က ဘယ်တုန်းကမှအလျဉ်းသင့်သလိုချီးကျူးစကားမဆိုဖူးဘူး 'အရမ်း'တို့ 'လည်းပဲ'တို့ 'ကဲ့သို့'တို့လို အထူးပြုစကားတွေကိုလည်း တခါမှမသုံးဖူးဘူး... ဒါကြောင့်လည်း Shi Tianbiao သူ့လစာအဖြတ်ခံရတာကို Yuan Zongဆီက ချီးကျူးစကားနဲ့ လဲလှယ်လက်ခံနိုင်တာဖြစ်တယ် အကယ်၍များသူတခုခုကိုရင်ထဲအသည်းထဲကထူးခြားတယ်လို့ထင်ရင် အဲ့ဒီအရာကလည်း တကယ်မှန်လားလို့တောင်မယုံကြည်နိုင်စရာအရာတခုဖြစ်နေရမယ်
Xia Yao သူ့ကိုမသိချင်ယောင်ဆောင်မလို့ပဲ ဒါပေမယ့် Yuan Zong ပါးစပ်ဟလိုက်တဲ့အချိန်မှာ သူ့မုတ်ဆိတ်မွေးစူးစူးက Xia Yao လည်ပင်းပေါ်မတော်တဆလျှပ်သွားပြီး Xia Yao တကိုယ်လုံးကြက်သီးမွေးညင်းထလာတယ်
သူယားတတ်တာကို Yuan Zong သိသွားပြီး ပိုအတင့်ရဲလာမှာကြောက်တဲ့အတွက် Xia Yao မသိမသာနေရာလေးနည်းနည်းရွှေ့ပြင်ရင်း ဆူလိုက်တယ်
ESTÁS LEYENDO
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...