အခန်း ၇ ကွတ်ကီးဘူးလေးတဘူး

8.6K 828 27
                                    

နောက်တနေ့ Xia Yao သူ့ရုံးကို ပြန်ရောက်တော့ သူ့ဘေးက စားပွဲခုံကို ခေါက်လိုက်တယ်

"Xiao Hui မင်းအားလား"

"အေး ဘာပြောမလို့လဲ"

Xia Yao ပြောလိုက်တယ် "ငါ့ကို တယောက်ယောက်ကို စုံစမ်းပေးအုံး"

"ဘယ်သူလဲ"

"Yuan Zong, သူနေတာက..."

"Yuan Ru ရဲ့ အစ်ကိုကိုပြောတာလား" Xiao Hui က Xia Yao ကို ဖြတ်ပြီးမေးလိုက်တယ်

Xia Yao စိတ်ပျက်သွားတယ် "မင်းသူ့ကို ဘယ်လိုလုပ်သိတာလဲ"

"ငါ သူတို့အကြောင်း နားစွန်နားဖျားကြားမိတာ ဘာလဲ Yuan Ru က မင်းကို တခါမှ မပြောဖူးဘူးလား"

တကယ်တော့ Yuan Ru Xia Yaoနဲ့ စကားပြောတဲ့ အချိန်က Xia Yaoရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတဲ့ အချိန်နဲ့ နှိုင်းယှဉ်ရင် နည်းလွန်းပါတယ် Yuan Ru ရဲစခန်းမှာ ပေါ်လာတိုင်း Xia Yao တယောက် တခုခုလုပ်စရာရှိတယ်လို့ အကြောင်းပြပြီး ရှောင်ထွက်သွားလေ့ရှိတယ် အဲဒီတော့ Yuan Ru သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ စကားပြောဖြစ်တယ်

"Yuan Zong က အရင်တုန်းက အထူးတပ်ဖွဲ့ဝင်တယောက်ဖြစ်ခဲ့တယ် စစ်တပ်ကနေ ထွက်လာတဲ့နောက်မှာ သူ့ကိုယ်ပိုင် သက်တော်စောင့်ကုမ္ပဏီတခု တည်ထောင်ပြီး အဲဒီနယ်ပယ်မှာ နာမည်တော်တော်ရလာတယ် ပြောသံကြားတာတော့ သူ့သင်တန်းဆင်းတွေက အရမ်း professional ဆန်ပြီး အဆိုတော်တွေ နိုင်ငံရေးသမားတွေကတောင် ငှားရတယ်ဆိုပဲ"

အဲဒါကြောင့် အဲဒီသက်တော်စောင့်နှစ်ယောက်ရဲ့ အားက တော်တော်ကြမ်းတာကိုး Xia Yao သူငှားလာတဲ့ သက်တော်စောင့် ၁ ဒါဇင်အကြောင်းတွေးပြီး ရှက်တောင်ရှက်မိတယ် Yuan Zong အကြောင်းစဉ်းစားမိတော့ Xia Yao မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်လာတယ် မနေ့က ကိစ္စပိုပြီးခေါင်းထဲ ရှင်းလင်းသွားသလို ခံစားလိုက်ရတယ် "မင်းလည်းမင်းလမ်းသွား ငါလည်းငါလမ်းသွားမယ် ငါတသက်မှာ မင်းကို တခါမှမသိခဲ့သလိုပဲ ဆက်ဆံလိုက်မယ်"

✶✶✶

နေ့လည်စာစားချိန်မှာ Yuan Ru, Xia Yao အကြောင်း တတွတ်တွတ်ပြောပြန်တယ် Yuan Zong ကို ဦးနှောက်ဆေးပြီး ဒီယောက်ဖကို လုံးဝလက်ခံလာပြီး သူမအချစ်ရေးမှာ ကူညီလာအောင်ဆွဲဆောင်ဖို့ အားသန်နေပုံရတယ်

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Donde viven las historias. Descúbrelo ahora