အချိန်ကလည်း လျင်လျင်မြန်မြန်ကုန်ဆုံးသွားပြီး ပင်လယ်ဘေးက နှစ်ပတ်ကြာလေ့ကျင့်ရေးသင်တန်းလည်းအဆုံးသတ်သွားခဲ့တယ် Yuan Zong နဲ့ သူ့တပည့်တွေ Yen Tai ကနေ ဘေကျင်းကို ပြန်လာခဲ့တယ်
တဖွဲ့လုံးမထွက်ခွာခါနီးမှာ Yen Tai ဒေသထွက် နာမည်ကြီး Lai Yang သစ်တော်သီးဝယ်ဖို့အတွက် Yuan Zong တော်တော် shopping ထွက်လိုက်ရတယ် ဒေသခံမဟုတ်တဲ့အတွက် အကောင်းဆုံးသစ်တော်သီးတွေရဖို့ငှာ Yuan Zong ကိုယ်တိုင် Lai Yang ခြံဆီ သေသေချာချာ ကားမောင်းသွားတယ် အပင်တွေပေါ်တောင် ကိုယ်တိုင်တက်ပြီး အသီးတွေကို ကိုယ်တိုင်ရွေးချယ်ခူးလာခဲ့တယ် Lai Yang သစ်တော်သီးတွေက ယှဉ်လို့မရတော့ တန်တာတော့ တန်တာပေါ့
ဘေကျင်းကို Yuan Zong ညဥ့်တော်တော်နက်မှ ပြန်ရောက်ဖြစ်တယ်
Xia Yao, Yuan Zong ကိုမတွေ့တာ ရက်တော်တော်ကြာပါပြီ ဘဝကတော်တော်အေးချမ်းနေပေမယ့် တမျိုးပဲတော်တော်ငြိမ်သက်လွန်းနေတယ်
သာလိကာကြီးကတော့ အခုထိအော်ကျယ်အော်ကျယ်ငှက်ကနေ မပြောင်းလဲသေးပါဘူး တခါအအေးပတ်ပြီး အသံက ကြမ်းကြမ်းတမ်းတမ်းဖြစ်လာတယ် Tan Tian Feng နဲ့ Ceng Zhi Weiရဲ့ အသံနှစ်မျိုးရောစပ်ထားသလိုပဲ ဒါပေမယ့်အအေးပတ်တာတောင်မှ ပါးစပ်ကို ငြိမ်ငြိမ်မထားနိုင်သေးရှာပါဘူး
မျှမျှတတပြောရရင် အအေးပတ်ပြီး လူလိုမျိုးလေသံနဲ့စပြောတတ်သွားတာက ငှက်အပြစ်မဟုတ်ပါဘူး ဒါပေမယ့် လူတိုင်းကမှ စကားအမြဲတတွတ်တွတ်ပြောနေတဲ့ငှက်ကို သဘောကျကြတာမှ မဟုတ်တာ Xia Yao အတွက်ဆိုရင် အဲ့စကားလုံးဝမှန်ပါလိမ့်မယ်
ရံဖန်ရံခါကျရင် Xia Yao သူ့အတွေးထဲမှာ သူနစ်မြောနေတဲ့အချိန်မှာ အသံတခုမရပ်မနားပေါ်ထွက်လာတယ် "ကျစ် တခါတုံးက... ဘာမှထာဝရခိုင်ခိုင်မာမာနဲ့ စည်းစည်းလုံးလုံးနေနိုင်ကြတာ မဟုတ်ပါဘူး... ဟယ်လို ပရိသတ်အပေါင်းတို့ ကျွန်တော့်နာမည်ကတော့ Ceng Zhi Wei ပါ..."
Xia Yao ဘက်ကတွေးကြည့်ရင် ဒီငှက်အမြန်ဆုံးထွက်ခွာသွားရမှဖြစ်မယ် ဒီတိရစ္ဆာန်ကို စွန့်ပစ်လိုက်ဖို့အတွေးက သူ့စိတ်ထဲ အကြိမ်ရေတရာလောက်ပေါ်နှင့်ပြီးပါပြီ ဒါပေမယ့် လှောင်အိမ်လေးကို မလိုက်တိုင်း ထွက်လာတဲ့ "ငါမင်းကို ချစ်တယ်"ဆိုတဲ့ အော်သံလေးက သူ့ကို အမြဲစိတ်ပျော့သွားစေတယ်
![](https://img.wattpad.com/cover/106985155-288-k739662.jpg)
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...