အောက်တိုဘာလရဲ့ပထမဦးဆုံးရက်က တနိုင်ငံလုံးအားလပ်ရက်ဖြစ်သလို ရဲတွေအတွက် အလုပ်အရှုပ်ဆုံးရက်လည်းဖြစ်တယ်
ပထမနေ့ကနေ စတုတ္ထနေ့အထိ Xia Yao အလုပ်နဲ့ဗျာများနေတယ် ကင်းလှည့်ရပြီး လုံခြုံရေးတာဝန်ယူရတာကအဆုံးပေါ့ မနက် ၆နာရီကတည်းက Tian An ဂိတ်ကို အရောက်လာရပြီး မွန်းတည့်ရောက်တဲ့အခါမှာ ရှေးဟောင်းနန်းတော်ပြတိုက်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဂရုစိုက်ရပြန်တယ် မွန်းတည့်ကျော်ပြီးတဲ့အချိန်မှာ အပန်းဖြေပန်းခြံထဲမှာ တာဝန်ကျပြန်တယ် ညနေဘက်မှာ တပ်ဖွဲ့ကလူတွေနဲ့ ဘေကျင်းနားက လဟာပြင်ဈေးထဲမှာရှိနေရပြန်တယ်
ပြီးတော့ အဲ့ဒါကအကုန်မဟုတ်သေးဘူး ကမ္ဘာလှည့်ခရီးသွားတွေကိုစောင့်ရှောက်နေတဲ့အချိန်မှာ Xia Yao သူကိုယ်တိုင်ပါ tourist attractionတခုဘဝရောက်သွားတာကိုပါ သိလိုက်ရတယ်
ဒီနေရာမှာသုံးထားတဲ့ tourist attraction ဆိုတာ လက်နက်တွေအပြည့်တပ်ဆင်ထားတဲ့အပြင် ဘေကျင်းရဲ့အထင်ကရနေရာတွေကိုပါ လှည့်လည်ကင်းစောင့်နေတဲ့ ချောမောလှပတဲ့ရဲသားတယောက်အတွက်သုံးလိုက်တဲ့ အံကိုက်စကားလုံးတလုံးပဲ သူက မိန်းမတွေအတွက် သံလိုက်ဖြစ်နေတယ်
"မြန်မြန်လာ ငါစောစောက ချောတာယုံနိုင်စရာတောင်မရှိတဲ့ရဲသားတယောက်ကိုမြင်လိုက်တယ် ငါပြမယ်"
"ဟေး ဟေး ဟေး မြန်မြန်လုပ် ဟိုကရဲသားပုံရိုက်မလို့ကူပေးဦး"
"..."
ကြည့်ရတာ Xia Yao တိရစ္ဆာန်ရုံထဲကတိရစ္ဆာန်တကောင်လိုဖြစ်သွားပြီး မရေမတွက်နိုင်တဲ့ကမ္ဘာလှည့်ခရီးသွားတွေရဲ့ကြည့်ရှုတာနဲ့ ဓာတ်ပုံရိုက်တာခံနေရတယ် လူတိုင်းကသူနဲ့ဓာတ်ပုံတွဲရိုက်ချင်နေကြပြီး Xia Yaoတောင်မသိလိုက်ပဲ ဓာတ်ပုံခိုးအရိုက်ခံလိုက်ရတဲ့အခြေအနေမျိုးပါကြုံလိုက်ရတယ်
အဲ့ဒီညမှာ Xia Yao လူတောထဲဖြတ်လျှောက်နေတုန်း Xuan Da Yuကိစ္စကို အမှတ်ရသွားမိတယ် ဒီလိုနဲ့ အရင်ရက်အနည်းငယ်က သူတို့သူငယ်ချင်းတသိုက်သောက်စားခဲ့တဲ့ သီးသန့်ကလပ်ထဲပြန်သွားပြီး cctvဗီဒီယို တောင်းဆိုလိုက်တယ် အဲ့ဒါသုံးပြီး Wang Zhi Shui ပုံပန်းသဏ္ဌာန်ကိုအရင်ဖော်ထုတ်ပြီးမှ သီးသန့်စုံစမ်းစစ်ဆေးတဲ့အခါကျရင် အဲ့ဒီလူဘယ်သူဆိုတာ သေချာရှာမယ်ပေါ့
KAMU SEDANG MEMBACA
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romansa"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...