အခန်း ၄၃ ဝက်လိုပဲ

6.9K 729 60
                                    

နောက်တနေ့က သြဂုတ်လ ၁၅ရက်နေ့ ရိုးရာအရ ဒီအခါသမယမှာဆိုရင် သင်တန်းသားတွေအကုန်လုံးလမုန့်တွေကိုယ်စီရကြတယ် ဒီနှစ်လည်း ခြွင်းချက်မဟုတ်ဘူးပေါ့ ကိုယ်စီကိုယ်စီလမုန့်တွေရပြီးတာနဲ့ အားလုံး Xia Yao ဆီ ဖြတ်ခနဲလှမ်းကြည့်လိုက်ကြတယ် တစုံတယောက်ရဲ့ယောက်ဖက သူတို့ထက်ပိုပြီးတော့များသာသာပိုပိုလေး အဆက်ဆံခံရလားဆိုတာစစ်ဆေးကြည့်ကြဖို့ပေါ့

တချို့ဆို မီးနဲ့တောင်သွားကစားရတာကြိုက်တဲ့ပုံစံနဲ့ Xia Yao မုန့်ဘူးကိုသွားဆွဲကြည့်ကြတယ် အထဲမှာသူတို့ဟာနဲ့ဘာမှမကွဲပြားတာမြင်လိုက်ရတဲ့နောက်မှာ စိတ်ပျက်လက်ပျက်ပြန်လွှတ်ပေးလိုက်ကြတယ်

ဒီအကင်းမပါးတဲ့လူမသိလိုက်တာက အထဲကပုံစံတူမုန့်ဘူးထဲမှာ တကယ့်ကိုမတူညီတဲ့မုန့်တွေရှိနေတယ်ဆိုတာပါပဲ

Xia Yao သူ့ပစ္စည်းတွေအကုန်ထုတ်ပြီးတဲ့နောက်မှာ ကြာမြစ်အိတ်ကြီးကိုလိုက်ရှာတယ် ဒါပေမယ့်ဘယ်နေရာမှမတွေ့ဘူး စိတ်တိုနေတုန်းမှာ Yuan Zong အပူခံအိတ်ခပ်ကြီးကြီးတအိတ်ကိုဆွဲပြီးလျှောက်လာတာကိုမြင်လိုက်ရတယ် အထဲမှာတော့ သွားရေယိုစရာသစ်ကြားပိုးခေါက်သကြားနဲ့လတ်လတ်ဆတ်ဆတ်ချက်ထားတဲ့ ကြာမြစ်တွေရှိနေပြီး ဟင်းရဲ့ခပ်ပြင်းပြင်းရနံ့က အဝေးကနေတောင် ခံလို့ရတယ် [T/N- cinnamon sugar ဆိုတာ ဘာမှန်းကိုမသိတာနဲ့ dictionaryထဲကအတိုင်း သစ်ကြားပိုးခေါက်သကြားလို့ပဲပြန်လိုက်ပါတယ် 😥]

Xia Yao သူ့ပစ္စည်းတွေအကုန်ထုတ်ပြီးတဲ့နောက်မှာ ကြာမြစ်အိတ်ကြီးကိုလိုက်ရှာတယ် ဒါပေမယ့်ဘယ်နေရာမှမတွေ့ဘူး စိတ်တိုနေတုန်းမှာ Yuan Zong အပူခံအိတ်ခပ်ကြီးကြီးတအိတ်ကိုဆွဲပြီးလျှောက်လာတာကိုမြင်လိုက်ရတယ် အထဲမှာတော့ သွားရေယိုစရာသစ်ကြားပိုးခေါက်သကြားနဲ့လတ်လတ်ဆတ...

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

[T/N- အင်္ဂလိပ်ဘာသာပြန်တဲ့သူဆီက ဓာတ်ပုံ 😁]

"စမ်းစားကြည့်လို့ မင်းအမေကိုပြောလိုက်" Yuan Zong ကဆိုတယ်

"ဘာဖြစ်လို့ စားဖိုမှူးကိုသွားလုပ်ခိုင်းလိုက်ရတာလဲ ကျွန်တော်က ချိုချိုချဉ်ချဉ်သုပ်ထားတဲ့ကြာမြစ်ကို သဘောကျတာ"

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Donde viven las historias. Descúbrelo ahora