အခန်း ၁၅ မင်းခါးပတ်အောက်နည်းနည်းရောက်နေတယ်

8.7K 902 20
                                    

ညစာစားနေတဲ့တချိန်လုံးမှာ Xia Yao ရဲ့စိတ်ပူပင်နေပုံပေါ်တဲ့ အမူအရာက အရမ်းထင်ရှားလွန်းတဲ့အတွက် Mrs. Xia က တခုခုမူမမှန်တာကို ခံစားမိတယ်

သူ့သားပန်းကန်လုံးထဲကို ငါးဖတ်တဖတ်ထည့်ပေးလိုက်ပြီး ညင်ညင်သာသာမေးလိုက်တယ် "တခုခုဖြစ်လို့လား သား"

"အမေ ဟိုတခါအမေပြောတဲ့လေ... Mr. Meng လား Mr. Chao လားမသိဘူး သူ့သမီးလေ သားနဲ့သက်တူရွယ်တူဆို"

"Meng Xin Yi ကိုပြောတာလား" Mrs Xia တူကိုချလိုက်ပြီး သူ့သားကိုပြုံးပြလိုက်တယ်

"အရင်တခေါက်မေးတုန်းက သားပဲစိတ်မဝင်စားသေးဘူးဆို ရုတ်တရက်ကြီးဘယ်လိုဖြစ်တာလဲ အသိစိတ်ဝင်လာပြီလား"

"ဘာဖြစ်ရမှာလဲ အမေ့အိမ်မက်မြေးလေးပေးဖို့ကလွဲလို့ တခြားရှိမလား"

'မယ်တော်ကြီး'က သူ့သားကို ဒေါပွချင်ယောင်ဆောင်တဲ့ အကြည့်တခုပေးလိုက်တယ် ပြီးတော့ငြင်းလိုက်တယ် "ငါ့သားငယ်ပါသေးတယ် အမေမြန်မြန်ဆုံးဖြတ်ချက်မချခိုင်းပါဘူး"

အမေက မလောပေမဲ့ ကျွန်တော်ကလောချင်နေပြီ... ထမင်းကို တို့ထိတို့ထိလုပ်ရင်း Xia Yao မေးလိုက်တယ် "သူကဘယ်လိုလဲအမေ"

"Meng Xin Yi လား"

Xia Yao ခေါင်းညိမ့်လိုက်တယ် Mrs. Xia သေသေချာချာစဉ်းစားပြီးတဲ့နောက်မှာ ပြန်ဖြေလိုက်တယ် "ရုပ်ရည်ကတော့ ကြည့်လို့ကောင်းပါတယ် အရမ်းအရပ်ကြီးတော့ မရှည်ဘူး ဒါပေမယ့်ပါရမီတော်တော်ပါတယ် အဓိကက အရမ်းထူးချွန်တယ် စန္ဒရားကောင်းကောင်းတီးတတ်ပြီးတော့ ကဗျာလှလှလေးတွေလဲ စပ်တတ်တယ် စာအုပ်၂အုပ်တောင် ထုတ်ဝေပြီးသွားပြီ သင့်တော်တဲ့ပညာရေးက ရိုးရာအရ မိသားစုထဲမှာ အရေးကြီးတယ် သူ့မိဘတွေက ရိုးသားပြီး ထောင်ထောင်လွှားလွှားမရှိတော့ သူတို့သမီးလဲ တကယ့်အမျိုးကောင်းသမီးဖြစ်မှာပဲ"

သူ့အမေရဲ့ မိတ်ဆက်စကားကိုကြားရတော့ Xia Yao ကျေနပ်သွားပုံပေါ်တယ် "အမှန်အတိုင်းပြောရရင် ကျွန်တော်ရှေးရိုးဆန်တဲ့ မိန်းကလေးတွေကို သဘောကျတယ်"

သူ့အမေက သူ့သားရဲ့ အကောင်းမြင်တဲ့အတွေးကို လုံးဝပဲ သဘောကျသွားတယ် သူများအမေတွေဆီက ကြားကြားနေရတဲ့ သူတို့ရဲ့ချစ်သားတွေ သူတို့ရွေးချယ်ထားတဲ့ ချွေးမတွေကို ပျင်းစရာကောင်းတယ်ဆိုပြီး ချေးများနေတာ မိဘတွေလက်ခံလာအောင်လို့ဆိုပြီး သူတို့ကိုယ်တိုင်ရွေးလာတဲ့ ရည်းစားတွေကျတော့လည်း စိတ်ပူနေတဲ့မိဘတွေအတွက် လက်မခံနိုင်စရာဖြစ်နေတာ Mrs. Xia က သူ့ ပုန်ကန်လေ့ရှိတဲ့ ဆယ်ကျော်သက်အရွယ် သားဒီလောက်ထိ ဒီလိုမျိုးကိစ္စတွေဆို လက်တွေ့ဆန်ဆန်ဖြစ်လိမ့်မယ်လို့ တွေးမထားခဲ့ဖူးဘူး တခွန်းထဲပြောရရင်တော့ သူအရူးအမူးဝမ်းသာသွားတယ်

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Donde viven las historias. Descúbrelo ahora