အခန်း ၂၈ ခန္တာကိုယ်စစ်ဆေးမှုလုပ်တာကို ဘာဖြစ်လို့ ငါပြန်လာတဲ့ထိ မစောင့်ခဲ့တာလဲ

7.5K 734 57
                                    

Yuan Zong သူလုပ်စရာရှိတာကနေ ပြန်လာတဲ့အချိန် Xia Yao ကို မြင်လိုက်တဲ့အခါမှာ ချက်ချင်းပဲမျက်နှာမှောင်မည်းသွားတယ်

"ဒါကျွန်တော်စောစောကမှ လက်ခံထားတဲ့ သင်တန်းသားသစ်တယောက်" Shi Tianbiao, Yuan Zong ကို မိတ်ဆက်ပေးလိုက်တယ်

Xia Yao က ဆိုတယ် "မိတ်ဆက်ပေးစရာမလိုဘူး မနေ့ကလေးတင် နှစ်ယောက်သားတိုက်ခိုက်ခဲ့ကြသေးတယ်"

Shi Tianbiao လက်ခုပ်သုံးချက်တီးလိုက်တယ် "အဲ့ဒီလို အစကတည်းက ဘာလို့မပြောလိုက်တာလဲ စောစောကပြောရင် သင်တန်းကြေး ၅ ရာခိုင်နှုန်းလျော့ပေးလိုက်ဦးမယ်"

"ပိုက်ဆံပြန်ပေးလိုက်" Yuan Zong ဆိုတယ်

Shi Tianbiao တုန်လှုပ်သွားတဲ့ပုံစံနဲ့ Yuan Zong ကို ကြည့်လိုက်တယ် "ပြန်ပေးလိုက်? စာချုပ်တောင် ချုပ်ပြီးနေပြီ"

Yuan Zong ရဲ့ မျက်နှာအပူချိန်က အနုတ်၂၀ ဒီဂရီအောက် ထိုးကျသွားတယ်

Xia Yao စပ်ဖြီးဖြီးနဲ့ စကားထည့်လိုက်တယ် "ပြီးတော့ ကျွန်တော့်ကိုခန္တာကိုယ်စစ်ဆေးမှုလည်း လုပ်ပြီးပြီ အကုန်လုံးကောင်းတယ်"

"ခန္တာကိုယ်စစ်ဆေးမှု? ဘယ်တုန်းက စစ်လိုက်တာလဲ" Yuan Zong မည်းမှောင်နေတဲ့လေသံနဲ့ မေးလိုက်တယ်

Shi Tianbiao က ဆိုတယ် "အခုလေးတင် ပြီးသွားတာ ကျွန်တော်သူ့ကိုဆေးခန်းထဲခေါ်သွားပြီး တကိုယ်လုံးချွတ်ချခိုင်းလိုက်တယ် အစပိုင်းတော့ သူနည်းနည်းရှက်နေသေးတယ် ဒါပေမယ့် ကျွန်တော်က ယောကျာ်းအချင်းချင်းပဲလို့ပြောလိုက်တော့ သူလိုက်နာသွားတယ်"(T/N- ထိုအချိန်တွင် ဘဲကြီးတယောက် မကျိတ်နိုင်မခဲနိုင်မမျိုနိုင်မဆို့နိုင်မဝါးနိုင်မသောက်နိုင်ဖြစ်သွားလေသည် 😌)

Yuan Zong ရဲ့ မျက်နှာအပူချိန်က နောက်ထပ်အနုတ် ၂၀ ဒီဂရီထပ်ထိုးကျသွားပြန်တယ် အချိန်နည်းနည်းယူပြီးတော့မှ အရမ်းလေးပြီးတင်းနေတဲ့လေသံနဲ့ဆိုနိုင်တယ်

"ခန္တာကိုယ် စစ်ဆေးမှုလုပ်တာကို ဘာဖြစ်လို့ ငါပြန်လာတဲ့ထိ မစောင့်ခဲ့တာလဲ"

Shi Tianbiao က Yuan Zong ရဲ့ လျှို့ဝှက်တဲ့အဓိပ္ပာယ်နဲ့ ဆိုလိုတာကို နားမလည်နိုင်ရှာဘူး "တကယ်တော့ ခင်ဗျားသုံးမိနစ်လောက်လေးပဲ လွဲသွားတာ ကျွန်တော် ဆေးခန်းတံခါးပိတ်လိုက်တဲ့အချိန်က ခင်ဗျားကားက ပါကင်မှာ လာရပ်တဲ့အချိန်နဲ့ကွက်တိပဲ ခင်ဗျား သုံးမိနစ်လေးသာ စောလာခဲ့ရင်..."

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Donde viven las historias. Descúbrelo ahora