ကြိုးစားပြီး ပြန်ပေးထားပေမယ့် ခုတလောနေကပူ ခေါင်းကလည်း ကိုက်နေရင်း ရေးလိုက်တာ နည်းနည်းဖတ်ရတာ ထောက်တဲ့ နေရာလေးများရှိသွားပါလိမ့်မယ် တခြားစကားအသုံးအနှုန်းကို ဆက်မတွေးနိုင်တော့လို့ပါ သည်းခံပြီးဖတ်ပေးကြပါရှင် 😣
•••••
တကယ်တမ်းကျတော့ Yuan Zong လက်ထဲမှာ အချိန်တွေအများကြီး ရှိပုံရတယ်
ဘယ်လို အချိန်လဲဆိုတော့ တနေ့တာအတွင်းမှာ လူတယောက် ပျှမ်းမျှ ပိုတဲ့ အချိန်တွေမဟုတ်ဘူး ကိုယ်အားလပ်ချိန်လေးလိုချင်လိုက်တာ ဆိုတာနဲ့ ချက်ချင်းကိုယ်လုပ်နေတာတွေ အကုန်ပစ်ချပြီး ထုတ်လာနိုင်တဲ့အချိန်ပိုလိုမျိုး Xia Yao နေ့ဘက်အားတယ်ဆိုရင်တောင် ညနေ ၅ နာရီထိ သူ့စားပွဲမှာ ထိုင်နေရသေးတယ် ဘယ်လောက် အလုပ်များများ နေရာမှာတင်ထိုင်ဖြေရှင်းလိုက်လို့ရပြီး ပြီးတာနဲ့ ရဲစခန်းအပြင်အပေါက်ဝမှာ Xia Yao ကို ဆက်တိုက် ထိုင်စောင့်နေလို့ရတဲ့ Yuan Zong နဲ့ မတူဘူးပေါ့
Xia Yao တယောက် ခေါင်းကွဲလုမတတ် စိတ်ဖိစီးမှုများတဲ့ သုံးရက်လုံးလုံးကို သည်းခံဖြတ်ကျော်နေရတယ်
သုံးရက်ဆက်တိုက် Xia Yao, Yuan Zong ရဲ့ လျှပ်စစ်လို စူးရှတဲ့ အကြည့်ကို ခံရပြီး ရူးတောင်ရူးချင်စိတ်ပေါက်လာတယ်
တခြားသူတယောက်ယောက်က Xia Yaoကို စိုက်ကြည့်နေတယ်ဆိုရင် Xia Yao မမြင်ချင်ယောင်ချင်နေလို့ ရပါသေးတယ် ဒါပေမယ့် Yuan Zong ရဲ့ မျက်စိတွေက ဆူးတွေလိုပဲ Xia Yao မျက်နှာချင်းဆိုင်မကြည့်နေရင်တောင်မှ တကိုယ်လုံးစူးနေသလို ခံစားရတယ် နေရထိုင်ရတာ အရမ်းခက်လာတယ်
အဲဒါနဲ့ သုံးရက်မြောက်နေ့မှာ Xia Yao တယောက် ဖြစ်ချင်ရာဖြစ်ဆိုပြီး မြေအောက်ရထားကြပ်ကြပ်ကို စီးဖို့ဆုံးဖြတ်လိုက်တယ် မြေအောက်ရထားတွေအကြောင်းပြောရရင်တော့ Xia Yao မစီးတာ သုံးနှစ်ရှိပါပြီ တဖက်မှာ ကားနဲ့က ပိုသွားရလာရတာ အဆင်ပြေတယ် ပြီးတော့ သူ့မှာ လူအုပ်ကြောက်တဲ့ ရောဂါရှိတယ် မူးနောက်ပြီး ရင်တုန်ပန်းတုန်ဖြစ်တတ်တာကို ပြောတာပါ
ဒါ့အပြင် Xia Yao မှာ အလုပ်အကိုင်စွဲစွဲတဲ့ ရောဂါရှိနေပြန်တယ် လူထူထပ်တဲ့ နေရာတွေရောက်ပြီဆိုရင် သူ့မျက်စိတွေ နားတွေ အရမ်းစူးစိုက်နိုးကြွလာကာ လူတိုင်းကို သံသယဝင်လာပြီး အာရုံကြောတွေ ဒဏ်ပိလေ့ရှိတယ် ဟိုအမျိုးသမီးရဲ့ ကိုယ်နေဟန်ထားက ဘာဖြစ်လို့များအရမ်းတည်ငြိမ်နေရတာလဲ ဧကန္တသူ့ဂါဝန်အောက်မှာ ဆေးခြောက်တွေများ ခိုးသယ်လာလို့များလား ဘာဖြစ်လို့ ဟိုအမျိုးသားက အိပ်နေတဲ့ ကလေးကို ချီထားရတာလဲ ကလေးကုန်ကူးဖို့များလား...
ESTÁS LEYENDO
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...