အခန်း ၁၉ ညှိနှိုင်းဖို့အတွက် မဖြစ်နိုင်မှု

7.6K 806 46
                                    

Yuan Zong အာမခံနဲ့ ခဏတာ ပြန်လွတ်လာပြီး သူတနေ့တာလုပ်ငန်းဆောင်တာတွေပြန်လုပ်ဖို့ အခွင့်အရေးပြန်ရသွားတယ်

ရဲစခန်းတခုလုံးဟာလည်း အမှုတခုကို ဖြေရှင်းပြီးပြီးချင်းဆိုတော့ မီးကုန်ယမ်းကုန် အလုပ်လုပ်နေကြတယ် သူ့အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချဖို့အတွက် Xia Yao တယောက် Yuan Zong ဆီလာရမလား မလာရဘူးလား စဉ်းစားနေမိတယ်

ဘယ်လောက်ပဲ Yuan Zong ရဲ့တည်ရှိမှုက အောင့်သက်သက်ဖြစ်စေခဲ့ ဖြစ်စေခဲ့ Xia Yao သူတို့နှစ်ယောက်ကြားထဲမှာရှိခဲ့တဲ့ ရန်ညိုးရန်စတွေကို အသေးအဖွဲကိစ္စလေးတွေလို့ပဲ မှတ်ယူလိုက်တယ်

ဘာပဲပြောပြော Yuan Zongရဲ့လုပ်ရပ်က Xia Yao အပေါ် သံယောဇဉ်ရှိတယ်ဆိုတာ သေချာတဲ့အထောက်အထားဖြစ်နေပြီး Xia Yao က Yuan Zong ဆီကိုလာလည်တယ်ဆိုတာ လူ့ကျင့်ဝတ်အရ လုပ်သင့်လုပ်ထိုက်တဲ့အရာတခု ဖြစ်နေတယ်

ညရောက်တဲ့တဲ့အထိ ရုံးမှာ အလုပ်တွေနဲ့ ပိနေခဲ့တဲ့အတွက် Xia Yao တယောက် လက်ဆောင်နည်းနည်းဝယ်ဖို့အတွက် ကုန်စုံဆိုင်ကို မြန်မြန်အပြေးအလွှားသွားပြီးတာနဲ့ Yuan Zong နေရာဆီ လာခဲ့တယ်

Yuan Ru တံခါးဖွင့်ဖွင့်လိုက်ချင်းမှာပဲ မွှေးပျံ့တဲ့ပန်းရနံ့က သူ့ကို ညို့ယူဆွဲဆောင်လိုက်တယ် သူ့ရဲ့ သိမ်သိမ်မွေ့မွေ့နှလုံးသားလေးကလည်း အရည်ပျော်သွားပြီး ရင်ဘတ်ထဲမှာ တဒိတ်ဒိတ်ခုန်သွားတယ် "ရှင့်နဲ့ကျွန်မရှင်းရှင်းလင်းလင်းဖြစ်သွားပြီမ... ဘာလို့များရှင်ကျွန်မစိတ်ရှုပ်ထွေးအောင်လာလာလုပ်နေရတာလဲ ရှင်... ရှင်မလုပ်သင့်ဘူး"

Yuan Ru ပန်းတွေဆီ တဖြည်းဖြည်းလက်လှမ်းလိုက်တယ်

ဝမ်းနည်းစွာပဲ Xia Yao ကတော့ မသိတတ်စွာ သူ့ဘေးကပတ်ပြီး အထဲကို ဝင်လာတယ်

"မင်းအစ်ကို ဒီမှာရှိလား"

"ရှင်ဘာဖြစ်လို့ သူ့ကို ရှာနေရတာလဲ"

Xia Yao သူ ဒီကိုရောက်လာရခြင်းရဲ့ အဓိကအကြောင်းအရင်းကို ရှင်းပြလိုက်တဲ့အချိန်မှာတော့ Yuan Ru မြေကြီးပေါ်ကို ပစ်လဲကျမလို ခံစားလိုက်ရတယ် ဘုရားရေ အံ့သြစရာမဟုတ်တော့ဘူး ပြီးတော့ ငါ့ရဲ့ ပြင်းပြင်းပြပြချစ်ခြင်းမေတ္တာတွေလည်း အလဟာသတ်ဖြစ်နေကုန်ပါရော့လား ဒါပေမယ့်လည်း Yuan Zong ရဲ့ အလုပ်အကိုင်သဘာဝအရ Yuan Ru, Yuan Zong ရဲ့ ပြစ်မှုကို သတိမပြုမိပဲမနေဘူး ဒဏ်ရာရတာက Yuan Zong အတွက် သိပ်မထူးဆန်းတော့တာကြောင့် Yuan Ru စိတ်ပူမနေတော့ဘူး

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Donde viven las historias. Descúbrelo ahora