အခန်း ၃၇ အတိုက်အခံများ

7K 649 47
                                    

Xia Yao လေ့ကျင့်နေတုန်းမှာ Xuan Da Yu နှူတ်ခမ်းမှာ စီးကရက်တလိပ်ခဲပြီးဘေးကနေရပ်ကြည့်နေတယ် တိတိကျကျအကွက်တခုကို Xia Yao ပြလိုက်တိုင်း သူဘေးကနေလေချွန်လက်ခုပ်တီးပြီးအားပေးနေတယ် Xia Yao ကလည်း ဒီလိုအခါတိုင်းမှာ သူ့ဘက်ကိုလှည့်လာပြီး နှစ်ဦးနှစ်ဖက်နားလည်တဲ့အကြည့်မျိုးနဲ့ အကြည့်ချင်းဆုံနေကြတယ်

ခေတ္တနားချိန်ရောက်လာတဲ့အခါမှာ Xuan Da Yu Xia Yao ကို တဘက်တထည်လှမ်းပေးလိုက်ပြီး နှစ်ယောက်သားထိုင်စကားပြောနေကြတယ် Xia Yao ရဲ့စိတ်အခြေအနေကလည်းအရမ်းတက်ကြွနေတဲ့အတွက် ခြေလက်အမူအရာတွေ မနားတမ်းပြောင်းနေပြီး အားရပါးရစကားပြောနေတယ် ၁၀ မိနစ်အနားပေးရတာနဲ့ သူပြောချင်တာတွေပြောလို့မဝတဲ့ပုံနဲ့ နည်းပြဝီစီသံကြားလိုက်တိုင်း Xia Yao သူ့ဘောင်းဘီဖင်ကို ဖုန်ခါထလိုက်ပြီး တဖက်ကိုပြန်လှည့်လာကာ စကားနည်းနည်းထပ်ဆိုပြန်တယ်

Xia Yao ရဲ့အမူအကျင့်ဟာ ပြောင်းလဲနေတတ်တာ Yuan Zong သိရှိလိုက်ရတယ်

သူသဘောကျတဲ့လူဆို Xia Yao ဘာမဆိုပြောနိုင်ပေမယ့်လည်း သူသဘောမကျတဲ့လူဆိုရင် ရေခဲလိုမျိုးအေးစက်နေတတ်တယ် ကံကောင်းစွာနဲ့ Yuan Zong က ဒီနှစ်မျိုးကြားမှာရှိနေတယ် Xia Yao သူ့ကိုမုန်းတာလည်းမဟုတ်ပေမယ့် ကြိုက်တယ်လို့လည်းမဆိုနိုင်ပြန်ဘူး သူ့အပေါ်အေးစက်စက်လည်းမဟုတ်သလို နွေးနွေးထွေးထွေးလည်းမရှိဘူး ခါးခါးသီးသီးလည်းမဟုတ်သလို ချိုချိုသာသာလည်းမရှိပြန်ဘူး ဒီလိုတုံ့ပြန်မှုမျိုးကပဲ ပုရွက်ဆိတ်တထောင်လောက်အကိုက်ခံနေရတဲ့ခံစားချက်မျိုး Yuan Zongအပေါ် ခံစားရစေတယ်

အထူးသဖြင့် အဲ့ဒီ'သဘောကျတယ်'ဆိုတဲ့ဥပမာက Yuan Zong မျက်စိရှေ့တည့်တည့်မှာလာပြနေရင်တော့လား ရှလကာရည်သောက်လိုက်ရသလိုအရသာမျိုး Yuan Zong မြည်းစမ်းနေရတယ် သောက်ဖူးတဲ့လူပဲဘယ်လောက်ချဉ်လဲဆိုတာသိနိုင်လိမ့်မယ်

လေ့ကျင့်ရေးဆင်းတာရဲ့ပထမအသုတ်မှာ Yuan Zong သူကိုယ်တိုင်ကြီးကြပ်ဖို့အတွက် ရုံးခန်းထဲကနေထွက်လာခဲ့တယ်

နည်းနည်းလင်းလင်းထင်းထင်းရှိတဲ့နေရာမှာ Xuan Da Yu ထိုင်နေတုန်းမှာ အရိပ်မည်းကြီးတခုကျရောက်လာပြီး သူရဲ့ Xia Yao မြင်ကွင်းကိုဖုံးကွယ်လိုက်တယ်

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Where stories live. Discover now