အခန်း ၄ ကျွန်မရဲ့ အောင်သွယ်တော်လုပ်ပေးပါ

10.1K 904 8
                                    

Yuan Ru

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

Yuan Ru

•••••

Xia Yao သူ့သာလိကာလေးနဲ့ လမ်းလျှောက်နေတုန်းမှာပဲ ကားတစ်စီး ဘေးကို ထိုးရပ်လာတယ် ကားပေါ်က ဆင်းလာတာကတော့ အရှေ့မြောက်ပိုင်းအချောအလှတယောက်ပါ သူ့ကို ရဲရဲတင်းတင်းကြည့်ပြီးတော့ပေါ့

ပခုံးဖော်ထားတဲ့ စိမ်းပြာရောင် ဂါဝန်ဟာ ဆွဲဆောင်မှုရှိတဲ့ လှိုင်းတွန့်ဆံပင်နဲ့ ပနံသင့်ပြီး မိန်းမတယောက်ရဲ့ ရင့်ကျက်ပြီး တင့်တယ်တဲ့ အလှကို ဖော်ကြူးနေတယ် ဒါပေမယ့် အထင်ပေါ်ဆုံး အင်္ဂါရပ်ကတော့ ဂါဝန်ရဲ့ ခွဲကြောင်းထဲကနေ ပေါ်ထွက်လာတဲ့ ခြေတံဖြူဖြူတစုံပါပဲ အရမ်းရှည်လျားပြီး Xia Yao ကို ဆွဲဆောင်ဖို့ ကြိုးစားနေတယ်

တကယ်တမ်းပြောကြကြေးဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်ယောကျာ်းမှ ဒီအမျိုးသမီးရဲ့ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိကြမှာ မဟုတ်ပါဘူး ဝမ်းနည်းစွာနဲ့ပဲ Xia Yao ဟာ ၀.၀၁% ခြွင်းချက်ထဲမှာ ပါနေပါတယ်

"Xia Yao, ကျွန်မရှင့်အတွက် ပါတီပွဲမှာ တမင်သက်သက်တောင် သောက်စရာတွေ ပြင်ဆင်ပေးထားတာ ရှင်ဘာဖြစ်လို့ မလာတာလဲ"

"စိတ်မဝင်စားဘူး" Xia Yao မျက်နှာကြောတင်းပြီး ပြန်ဖြေတယ်

"ရှင် ကျွန်မကို ရှောင်နေတာလား" Yuan Ru Xia Yao နား ရှိုးတိုးရှက်တန့် လျှောက်လာတယ် သူမခြေထောက်တွေကို တမင်သက်သက် ပိုထုတ်ပြပြီးတော့ပေါ့

"မဟုတ်ပါဘူး" Xia Yao က ပြန်ဖြေပြီး တဖက်ကို လှည့်သွားတယ်
Yuan Ru မြန်မြန်လိုက်လာပြီး မေးတယ် "ကျွန်မရှင့်ကို မေးနေတယ်လေ မသွားနဲ့ဦး"

Xia Yao သရော်လိုက်တယ် "ဘာလဲ နင့်ဂါဝန်ခွဲကြောင်းက ချိုင်းနားရောက်နေပြီလား"

Yuan Ru ကတော့ Xia Yao လှောင်နေတာ သတိမထားမိပါဘူး အဲ့ဒီအစား လှလှပပနဲ့ သရော်လိုက်တယ်

"sexy ကျတယ်လို့ မထင်ဘူးလား"

ပြီးတော့ သက်သက် သူ့ဂါဝန်စကို မပြီး သူ့ခြေထောက်အရှည်ကြီးတွေကို ထုတ်ကြွားလိုက်တယ်

Xia Yao Yuan Ruဘေးကနေ နောက်ခြေတော်တော်လှမ်းလှမ်း ဆုတ်သွားတယ် ဝေးလေကောင်းလေပဲ

Yuan Ru သူ့နောက်ကို လိုက်လာသေးတယ် သူ့ကားမလိုက်နိုင်တော့တဲ့ လမ်းကြားထဲ Xia Yao ပြေးဝင်သွားတော့မှ Yuan Ru ဆက်မလိုက်နိုင်တော့ဘူး

✶✶✶

"အစ်ကို ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ"
မေးစရာတောင် မလိုပါဘူး အဲဒီ "ပြန်ပြီ" ဆိုတဲ့စကားအသုံးအနှုန်းက ဒီလိုမျိုး အခြေအနေတွေ အကြိမ်ကြိမ်အခါခါ ထပ်နေပြီဆိုတာ ဖော်ပြနေပါတယ်

"ဒါပေမယ့် သူက ညီမလေးကို သဘောမကျဘူး သူညီမလေးကို ကြိုက်အောင် လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်ကိုပဲ အားကိုးရတာပါ"

Yuan Zong ရဲ့ မျက်နှာ ညိုမည်းသွားတယ်

"သူက တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီးတော်လှန်ရေးသမားဟောင်းတယောက်နဲ့ မြစ်တော်တယ်"

Yuan Zong မျက်နှာက စောစောကလိုပဲ အမူအရာ မပြောင်းသေးဘူး
"အဲဒီ ကောင်လေးက ရုပ်လေးလည်းချောတယ် အကျင့်ဆိုးတွေလည်း ဘာမှ မရှိဘူး သတ္တိလည်းကောင်းတယ် ပြီးတော့ single လေးလည်းဖြစ်တယ် ပြောစမ်းပါအုံး ဒီလိုမျိုးယောကျာ်းမျိုး ဘယ်မှာရှာတွေ့နိုင်မှာလဲ ညီမလေးက လွဲလို့ ဘယ်သူက ဒီလိုယောကျာ်းလေးမျိုးနဲ့ သင့်တော်မှာလဲ"

Yuan Zong ဆီက ဘာစကားမှ ပြန်မကြားရတော့ Yuan Ru အော်မေးမိတယ် "တခုခုပြောပါအုံး"

"ကိုယ့်အလုပ်ကိုယ်လုပ်စမ်းပါ"

သူ့အစ်ကိုစကားကြားတော့ Yuan Ru အကြံတခုရလာတယ်

"သူ့မှာ သံမဏိလိုမျိုး နှလုံးသားရှိတယ် မိန်းမတယောက် ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိရှိ မျက်တောင် တစက်မှ မခတ်ဘူး တခြားယောကျာ်းတွေဆို ညီမလေးခြေထောက်တွေမြင်ရင် အားရပါးရလိုက်ကြည့်ကြတာ သူက အဲဒီလို မဟုတ်ဘူး"

ဒါလည်း Yuan Zongဆီက ဘာတုံ့ပြန်မှုမှ မထွက်လာပါဘူး

"အဲဒီတော့ ဘာကိုဆိုလိုချင်တာလဲ ဒီသူစိမ်းက ယုံကြည်စိတ်ချရတယ်ဆိုတဲ့ အဓိပ္ပာယ်လား"

Yuan Ru က ဆက်ပြီး မဲဆွယ်တယ် "အစ်ကိုကြီးကလဲ ကူညီပါအုံး အစ်ကိုကြီး သူ့ကို တွေ့တာနဲ့ တခါတည်း သဘောကျသွားမယ်ဆိုတာ ညီမလေးကောင်းကောင်း အာမခံရဲတယ်"

•••••

Please vote and comment if you like.

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Onde histórias criam vida. Descubra agora