ခန့်မှန်းထားခဲ့သလိုပါပဲ မိုးတွေရွာလာတယ် ထင်ထားတာထက်တောင် မိုးစက်ပြင်းပြင်း လေမိုးကြမ်းကြမ်းတမ်းတမ်းနဲ့ပေါ့ သူပြတင်းပေါက်ပိတ်လိုက်တာတောင်မှ Xia Yao အပြင်က အသံတွေကြားနေရသေးတယ် မိုးရေစက်သည်းသည်းတွေက ပြတင်းပေါက်ဘောင်ပေါ်ရိုက်ခတ်လာပြီး တခါရိုက်ခတ်လာတိုင်း Xia Yao ရင်ထဲလိပ်ပြာလေးတွေ ပျံဝဲနေသလိုပဲ တောက်တောက်ပပအစက်သေးသေးလေးတွေ လွင့်ပျံသွားတယ်
သူပြတင်းပေါက်နားရောက်လာပြန်ပြီး အပြင်ကို သဲသဲမဲမဲကြည့်လိုက်တယ်
ရိုးရိုးမိုးလေးပဲဆို ကိစ္စမရှိပါဘူး ဒါပေမယ့် လေတွေနဲ့ မုန်တိုင်းတွေပါပါလာနေတယ် Yuan Zong လက်ထဲက ထီးလေးက စုတ်ပြတ်သတ်လွန်းသွားတဲ့အတွက် နဂိုမူလပုံစံရုပ်တောင် ခန့်မှန်းဖို့ခက်ခဲသွားတယ်
"ကားထဲဝင်နေလိုက်စမ်းပါ တကယ်ပဲ" Xia Yao ဒေါသနဲ့ ဟောက်လိုက်တယ်
အဲ့လိုသာသူပြောလိုက်ပေမယ့် Yuan Zong က ထွက်တောင်မထွက်သွားသေးတဲ့အပြင် Xia Yao အမေကပါ သူ့သားအသံကိုကြားသွားတယ်
"ဘာဖြစ်နေလို့လဲ သား"
Xia Yao ဂနာနည်းနည်းငြိမ်အောင် အသက်ရှူလိုက်ပြီး တံခါးဆီလှမ်းအော်ပြောလိုက်တယ် "ကျွန်တော်အဆင်ပြေတယ်"
"မိုးကြိုးတွေ တလျှပ်လျှပ်နဲ့ ပြတင်းပေါက်ကို သေသေချာချာပိတ်ထားဦး"
"ဟုတ်ကဲ့"
အဲလိုဖြေပြီးတာနဲ့ Xia Yao ပြတင်းပေါက်ကို ပိတ်ရမဲ့အစား အားပြင်းပြင်းနဲ့ ဖွင့်လိုက်တယ်
"အထဲကို ဝင်လာခဲ့"
Yuan Zong မျက်စိတမှိတ်အတွင်းမှာပဲ ပြတင်းပေါက်ကနေတဆင့် သူ့အခန်းထဲကို ခုန်ဝင်လာတယ် သူ့ရဲခပ်တည်တည်မျက်နှာရဲ့အောက်မှာ လှောင်နေတဲ့အပြုံးတခုရှိနေမယ်ဆိုတာ Xia Yao လောင်းရဲတယ်
သူ့တကိုယ်လုံး စိုရွှဲနေတဲ့အတွက် Yuan Zong ကို Xia Yao ရေချိုးထားခိုင်းလိုက်တယ် Yuan Zong ကို ပေးဖို့ ခပ်ပွပွညဝတ်အင်္ကျီကို သူ ဗီရိုထဲက ထုတ်လိုက်တယ်
ရေချိုးခန်းထဲဝင်လိုက်တဲ့အချိန်မှာ Xia Yao ရဲ့ မရေမတွက်နိုင်တဲ့ အသားအရည်ထိန်းသိမ်းတဲ့အလှပြင်ပစ္စည်းတွေကို Yuan Zong ချက်ချင်းပဲ သတိပြုမိသွားတယ် ဒီလောက်များတောင် ကိုယ့်ကိုကိုယ်ထိန်းသိမ်းရတာ သဘောကျတဲ့ပုံပဲ Yuan Zong နှာမမှုတ်မိပဲ မနေနိုင်လိုက်ဘူး
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...