Xia Yao အိပ်ခန်းထဲမှာ စောင့်နေတယ် မိုးကုတ်စက်ဝိုင်းထဲနေဝင်ပြီးတဲ့နောက်မှာ အသံတသံ ဝရန်တာကနေ ရုတ်ခနဲထွက်ပေါ်လာတယ်
Xia Yao အဲဒီအသံရှိရာကို တဟုန်ထိုးပြေးလာပြီး ခန်းဆီကိုဆွဲဖယ်လိုက်တယ် ချက်ချင်းပဲ အဲဒီစိတ်အနှောက်အယှက်ဖြစ်စရာမျက်နှာကြီးကို မြင်လိုက်ရတယ် Yuan Zong က ငှက်လှောင်အိမ်ကိုယူဖို့ ပြတင်းပေါက်ကို ညင်ညင်သာသာဖွင့်နေတယ် Xia Yao အသံကြားတာမှ နှစ်စက္ကန့်လောက်ပဲရှိသေးတယ် Yuan Zong လက်ထဲ ငှက်လှောင်အိမ်ရောက်နေပြီ
"အယုတ်တမာကောင်" Xia Yao အသံကို နှိမ်ပြီးပြောလိုက်တယ်
Yuan Zong ကတော့ ခံစားချက်မရှိတဲ့ လေသံနဲ့ ပြန်ဖြေတယ် "မင်းစွပ်ကျယ်လက် အောက်ကိုတွဲကျနေတယ် နို့သီးခေါင်းတွေပေါ်နေတယ်"
Xia Yao က စွပ်ကျယ်ချိုင်းပြတ်ဝတ်ထားပြီး စောစောက ကမန်းကတမ်းထပြေးလာရတဲ့အတွက် အင်္ကျီလက်က လိမ်နေတယ် အောက်ပိုင်းမှာတော့ အိမ်နေရင်းဘောင်းဘီတိုလေးဝတ်ထားတဲ့အတွက် ဘောင်းဘီအောက်နားစလေးတွေက အပေါ်ကိုတက်နေပြီး နည်းနည်းကားထားပြီး မျဉ်းကြောင်းလို ဖြောင့်နေတဲ့ ခြေထောက်နှစ်ချောင်းဟာ ညို့ချက်ပြင်းတဲ့ အဖိုဓာတ်ကို ထုတ်လွှင့်နေတယ်
မင်းငါ့ကိုစောစောကဘယ်လိုစော်ကားလိုက်တာလဲ နို့သီးခေါင်း?[1] ငါ့ဟာတွေက နို့မထွက်တဲ့ နို့သီးခေါင်းတွေဆိုတာ မင်းကောင်းကောင်းခွဲတတ်သင့်တယ် Xia Yao မကျေမချမ်းနဲ့ စက်ဆုပ်သလိုခံစားလိုက်ရတယ် ပြတင်းပေါက်အပြင်ကို သူ့လက်တွေ ဆန့်လိုက်တယ် ([1]တရုတ်လို နို့သီးခေါင်းက 奶头 လို့ခေါ်ပြီး 奶က နို့လို့အဓိပ္ပာယ်ရတယ် sis အထင်တော့ နို့သီးခေါင်းကို တရုတ်စာမှာ နောက်ထပ်စကားလုံးတလုံးလောက်ရှိဦးမယ်နဲ့တူတယ်)
"အဲဒါပေး"
"ဘာကိုလဲ" Yuan Zong က မေးတယ်
Xia Yao အေးစက်စက်နဲ့ ပြန်ဖြေတယ် "မင်းညီမပေးခိုင်းလိုက်တဲ့လက်ဆောင်"
Yuan Zong သူ့ကားဆီလှည့်ပြန်သွားပြီး သူ့ညီမပေးခိုင်းလိုက်တဲ့ ငှက်အစာနဲ့ ကွတ်ကီးဘူးကို ယူလာတယ်
ဘူးယူပြီးတဲ့နောက်မှာ Xia Yao အော်ထုတ်လိုက်တယ် "အခု ခင်ဗျားတာဝန်ပြီးသွားပြီ ခုချက်ချင်း ငါ့ရှေ့က ထွက်သွားရင်ကောင်းမယ်"

VOCÊ ESTÁ LENDO
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...