အလုပ်ပြီးတဲ့နောက်မှာ Xia Yao သူ့ခံစားချက်ကင်းမဲ့တဲ့မျက်နှာကြီးနဲ့ အပြင်မှာရပ်ထားတဲ့ Yuan Zongကားဆီ ချဉ်းကပ်လာတယ်
Yuan Zong မှန်ချပြီးပြီးချင်းမှာပဲ Xia Yao သစ်သားအိမ်လေးရော ရွံ့ရုပ်လေးရောကို ကားထဲကို အသားကုန်လွှတ်ပစ်ပလိုက်တယ်
"မင်းဟာမင်းအရုပ်အစုတ်ပလုပ်တွေယူသွားစမ်း"
Yuan Zong က သစ်သားအိမ်လေးရဲ့ တံခါးသေးသေးလေးကိုဖွင့်လိုက်ပြီး 'Xia Yao'အရုပ်အသေးလေးကိုထုတ်လိုက်တယ် သူ့ကျားကျားရားရားလက်က အရုပ်လေးရဲ့အောက်ပိုင်းကို တဖြည်းဖြည်းပွတ်သတ်လိုက်ပြီး အသံကိုနှိမ့်မေးလိုက်တယ် "ငါအဲဒါနဲ့ဆက်ဆံလို့ရအောင်လို့ ငါ့ကိုသိမ်းခိုင်းလိုက်တာလား"
အဲဒီရွံစရာကောင်းတဲ့အကွက်နဲ့ နှုတ်သီးချွန်ချွန်နဲ့ပေါင်းလိုက်တဲ့အခါမှာတော့ Yuan Zong, Xia Yao ကိုအောင်မြင်စွာ ဒေါသထွက်အောင်လုပ်နိုင်ခဲ့တယ်
"ငါ့ကိုယ်လုံးပေါ်က မင်းညစ်ညစ်ပတ်ပတ်လက်တွေကို ဖယ်လိုက်စမ်း"
Yuan Zong ဘာမှဂရုမစိုက်သလို ပခုံးတွန့်လိုက်တယ် "မင်းမှမလိုချင်တာ ငါဒါနဲ့ဘာလုပ်လုပ် မင်းဘာဂရုစိုက်နေစရာလိုလို့လဲ"
Xia Yao နောက်ဆုံးမှာ အံကိုကြိတ်လိုက်တယ် ကားပြတင်းပေါက်ကို လှမ်းပြီး Yuan Zongလက်ထဲက ရွှံ့ရုပ်ကိုမရမက ဆွဲလုဖို့ကြိုးစားတယ် Yuan Zong တမင်သက်သက်လက်ကိုအနောက်ဆုတ်လိုက်တဲ့အတွက် Xia Yao ကားထဲကိုပါလေးဖက်ထောက်ပြီးလာလိုက်ရတယ် Yuan Zong ရဲ့မေးစေ့ပေါ် အိစက်ချောမွေ့တဲ့ ဆံနွယ်စတွေက ကျလာပြီး သူ့သနားစရာဝိညာဉ်လေးကို ကျီစယ်နေသလိုခံစားလိုက်ရတယ် သူအခုအလုပ်ချင်ဆုံးကတော့ Xia Yao ကိုကားထဲဆွဲသွင်း အတွင်းပွေ့ဖက် အသက်ထွက်မတတ်နမ်းပြီး Xia Yao ခေါင်းပေါ်မှာ သူ့မေးစေ့လေးကို ပွတ်ပလိုက်ချင်နေတာပါပဲ
Xia Yao နောက်တကြိမ် အဲ့ဒီဟာသေးသေးလေးကို အရယူနိုင်ခဲ့တယ်
Yuan Zong က ဆိုလိုက်တယ် "မင်းသာငါ့အတွက် နည်းနည်းများပြုံးပြခဲ့ရင် ငါအဲ့ဒီရွှံ့ရုပ်လေးမှာ ဘောင်းဘီတခုလောက် တပ်ပေးဖို့စဉ်းစားပေးမယ်"
![](https://img.wattpad.com/cover/106985155-288-k739662.jpg)
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...