Xia Yao က မဖိတ်ခေါ်ပဲရောက်လာတဲ့ ဧည့်သည်နဲ့ ရင်ဆိုင်နေတုန်းမှာပဲ Meng Xin Yi ရဲ့ဘက်မှာ အဓိပ္ပာယ်မရှိတဲ့ အဖြစ်အပျက်တခုဖြစ်ပေါ်နေတယ်
Yuan Ruရဲ့ ချိန်းဆိုထားတဲ့နေရာကလည်းဒီကော်ဖီဆိုင်ထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် အိုဘုရားရေ ငါအစ်ကို့ဆီက ယောကျာ်းတယောက်တောင်းတာ ဘယ်ကဒီမထုံတက်တေးလူကြီးနဲ့ ငါ့ကိုချိတ်ပေးလိုက်တယ် ငါ့အစ်ကိုဘာများတွေးနေပါလိမ့်
ရုတ်တရက် သူ မစိမ်းတဲ့ မျက်နှာတခုမြင်လိုက်တယ် ဒီအခန်းရဲ့ တဖက်တချက် မျက်နှာချင်းဆိုင်ထောင့်မှာထိုင်နေတဲ့ လူဟာ Xia Yao ဖြစ်နေပြီး ကောင်မလေးတယောက်နဲ့ ချိန်းတွေ့နေပုံရတယ် ရယ်စရာကောင်းတဲ့အချက်ကတော့ သူကြည်နူးနေတဲ့ပုံပေါက်နေတာပဲ
Yuan Ru ဒေါသထွက်သွားတယ် Xia Yao ရဲ့ စူပုတ်နေတဲ့မျက်နှာက ဒီလိုအပြုံးမျိုးပန်ဆင်နိုင်လိမ့်မယ်လို့ တရက်မှမထင်ထားခဲ့ဘူး အထူးသဖြင့် တခြားတယောက်ယောက်အတွက်ပေါ့ "တလွဲတွေပါလား သူတခြားတယောက်ယောက်နဲ့ ချိန်းတွေ့နေတာလား အဲဒီတော့ ရှင်ကပန်းသေနေပေမယ့် date တွေပါတွေသွားဖို့တော့ အားရှိသေးတယ်ပေါ့နော် အဲဒါ ၁၀၀% လှည့်စားတာပဲ"
အဲဒီအတွေးနဲ့သူအာရုံလွဲနေတဲ့အချိန်မှာပဲ Xia Yao, Yuan Zong ဆီပြေးသွားတယ်
ဒါပေမယ့် ထိုင်ခုံနေရာလေးက ကြာကြာမအားနေလိုက်ပါဘူး Yuan Ru က သနားစရာXia Yao ရဲ့ date ကို ဖျက်ဖို့ဆုံးဖြတ်လိုက်တဲ့ အတွက်ပေါ့ Meng Xin Yi နားဆီ ကပ်လာပြီး Xia Yao ရဲ့နေရာမှာ ထိုင်ချလိုက်တယ် ပြီးတော့ အမြင်ကတ်လောက်စရာ ရွှင်ရွှင်ပြပြအမူအရာနဲ့ မေးလိုက်တယ် "ရှင်လည်းချိန်းတွေ့နေတာလားဟင်"
ဘယ်ကနေမှန်းမသိ လူစိမ်းတယောက်ရောက်လာတဲ့အတွက် Meng Xin Yi အံ့သြသွားတယ် နည်းနည်းသတိလက်လွတ်ဖြစ်သွားပေမယ့် ယဉ်ယဉ်ကျေးကျေးလေးနဲ့ပဲ ပြုမူလိုက်တယ် ခေါင်းညိတ်လိုက်တယ်
အဲဒါဆို မှန်တာပေါ့... Yuan Ru အံကြိတ်လိုက်တယ် ဒီကံမကောင်းပြီး နုံအအကောင်မလေးကို ဒီdateကနေကယ်တင်တဲ့တာဝန်ယူဖို့ ဆုံးဖြတ်လိုက်တယ် မိန်းကလေးတယောက်ချင်း ကူညီထိုက်တယ်ဆိုပြီးတော့ပေါ့
KAMU SEDANG MEMBACA
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romansa"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...