အခန်း ၄၁ တရားမမျှတမှု

7K 736 49
                                    

အချိန်က စက်တင်ဘာလကုန်ကိုရောက်လာခဲ့တယ် Xia Yao, Yuan Zongရဲ့ ကုမ္ပဏီမှာ သက်တော်စောင့်လေ့ကျင့်ရေးဆင်းတာလည်း တလရှိလာပြီဖြစ်တယ် အရန်အဖွဲ့ဝင်ဘဝကနေ အချိန်ပြည့်အဖွဲ့ဝင်အဖြစ် သူအဆင့်တက်သွားပြီး ဒီကသင်တန်းသားတွေနဲ့ပါ ရင်းရင်းနှီးနှီးသဟဇာတဖြစ်လာတယ် ရုံးပိတ်ရက်တွေကျရင် သူ့သူငယ်ချင်းတွေစားဖို့အတွက် အရသာကောင်းကောင်းမုန့်တွေကို Xia Yao တယောက် အိမ်ကနေတောင်သယ်လာလေ့ရှိတယ်

ဒီသင်တန်းသားတွေက Yuan Zong နဲ့ Xia Yao ကို ယောက်ဖတွေဆိုပြီး လှည့်စားလေ့ရှိတယ် Xia Yao ဒီကိုလာပြီဆိုရင် Yuan Zong က ခါတိုင်းလိုစည်းကမ်းသိပ်မတင်းကြပ်တော့တာကိုတွေ့ရှိသွားတဲ့အတွက်ပေါ့ တနင်္လာနေ့က သောကြာနေ့အထိ အထူးသင်တန်းချိန်နဲ့ လုပ်ရိုးလုပ်စဉ်ကြီးကြပ်ပေးတဲ့အချိန်ကလွဲလို့ Yuan Zong သိပ်ပေါ်လာလေ့မရှိဘူး ဒါပေမယ့်ရုံးပိတ်ရက်တွေရောက်လာပြီဆိုတာနဲ့ ရာသီဥတုဘယ်လောက်ပဲခက်ခက်ခဲခဲ သူရောက်ကိုရောက်လာတယ် ပြီးတော့တလှမ်းမှတောင် Xia Yao ဘေးကမခွာဘူး ဒီ့အပြင် တချို့ကျောင်းသားတွေတခုတွေ့ရှိလိုက်ရတယ် Yuan Zong တယောက် အဲ့ဒီစနေတနင်္ဂနွေရုံးပိတ်ရက်တွေမှာဆို ထူးထူးဆန်းဆန်းအဝတ်တွေဝတ်လာလေ့ရှိတယ်ဆိုတာပေါ့

ကြားရက်တွေမှာဆို ဘယ်သူမှ Yuan Zong ကိုမေးစရာရှိမေးခွန်းတောင်မထုတ်ရဲဘူး ကိုယ့်သေလမ်းကိုယ်ရှာနေသလိုဖြစ်သွားလိမ့်မယ်

ဒါပေမယ့် ရုံးပိတ်ရက်တွေရောက်လာတာနဲ့တပြိုင်နက် ဒီလိုမဟုတ်တော့ဘူး Xia Yao ဒီမှာရှိတဲ့အခါကျရင် Yuan Zong မျက်နှာမပြောင်းလဲပေမယ့် "ငါစဉ်းစားကြည့်ဦးမယ်"လို့ ဆိုလေ့ရှိတယ်

ဒီလိုနဲ့ အတွေးတွေ ထင်မြင်ချက်တွေပေါ်လာတိုင်း သင်တန်းသားအားလုံးရုံးပိတ်ရက်ထိစောင့်ပြီး Yuan Zong ဆီသွားတဲ့လမ်းမှာ Xia Yao ကိုပါဆွဲခေါ်လာကြတယ် ရုံးပိတ်ရက်တွေဆို သူတို့ဘဝင်မြှောက်နေလွန်းတဲ့အတွက် နားဖို့အချိန်ရတိုင်း Yuan Zong ကို Xia Yao အကြောင်းလာလာစကားထိုးလေ့ရှိတယ် "Sir, လွန်ခဲ့တဲ့အချိန်နည်းနည်းတုန်းက လေ့ကျင့်နေတုန်းမှာ Xia Yao မိနစ်နှစ်ဆယ်လောက် ပျင်းရိပျင်းတွဲလုပ်နေတယ်"

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Tahanan ng mga kuwento. Tumuklas ngayon