မိုးသောက်တဲ့အချိန်မှာ ခေါင်းတွေ ရှုပ်ပွနေဆဲ Yuan Ru တယောက် သူ့အိပ်ခန်းထဲကနေ ညဝတ်အင်္ကျီနဲ့ထွက်လာပြီး လေ့ကျင့်ရေးခန်းမထဲ လျှောက်သွားနေတယ်
သင်တန်းသားတွေကလည်း သူ့ရဲ့လက်လွတ်စပယ်ဝတ်စားနေတတ်တဲ့ အပြုအမူကို နေသားကျနေပြီ bra မပါတဲ့ သူ့ရဲ့ D ဆိုဒ်ရင်သားတွေက ခပ်ချောင်ချောင်ညဝတ်အင်္ကျီရဲ့အောက်မှာ 'ဟောအခုမြင်လိုက်ရတယ် ဟောအခုမမြင်လိုက်ရတော့ပြန်ဘူး'ဆိုပြီး ခုန်ပေါက်ကစားနေကြတယ် တခါတလေသူလက်တွေဆန့်လိုက်တဲ့အခါကျရင် ဖောက်ထွင်းမြင်နေရတဲ့အင်္ကျီသားအောက်မှာ အဖုကြီးနှစ်လုံးက အရှေ့အနောက်လှုပ်ယမ်းလာလေ့ရှိတယ် ဘာပဲဖြစ်ဖြစ် Yuan Ru ကတော့ ယောကျာ်းတသိုက်ကြားထဲ ဘာမှမဖြစ်သလိုပဲ လျှောက်လာတယ်
"Zheng Dezi မနေ့က ကျွန်မရှင့်ကို နေ့စဉ်သုံးပစ္စည်းဝယ်ခိုင်းတာ ဘာဖြစ်လို့ လစဉ်သုံးပစ္စည်းကြီးဝယ်လာရတာလဲ" အစေခံလို့သူသတ်မှတ်ထားတဲ့လူတယောက်ကို Yuan Ru ဒေါသတကြီးမေးလိုက်တယ်
အူတူတူအကြည့်က အဲ့ဒီသူမျက်နှာပေါ်ရောက်လာတယ် "အဲဒါ... ဘာကွာခြားချက်ရှိလို့လဲ"
"မဟုတ်တာ နေ့စဉ်သုံးပစ္စည်းဆိုတာ ရာသီမလာခင်နဲ့ရာသီလာပြီးတဲ့အချိန်တွေမှာ သုံးတာ ကျန်တဲ့ဟာတွေက ရာသီလာတဲ့အချိန်မှာပဲသုံးတာ"
"ရာသီမလာရင် ဘာဖြစ်လို့များ နေ့စဉ်သုံးပစ္စည်းတွေသုံးနေရသေးလဲ အောက်မှာ ကြပ်တပ်တပ်မနေဘူးလား"
"ကျွန်မရှင့်ကိုသတ်မယ်"
Yuan Ru ထင်ရာစိုင်းခါနီးမှာ သူ့မျက်လုံးတွေက ရင်းနှီးတဲ့လူရိပ်တခုဆီရောက်သွားတယ် ချက်ချင်းပဲသူကိုင်ဆွဲထားတဲ့ လူကို လွှတ်လိုက်မိပြီး မျက်လုံးထဲက တောက်ပနေတဲ့အလင်းရောင်က ငြိမ်းသေသွားကာ ကြောက်လန့်မှုက အစားထိုးဝင်ရောက်လာတယ်
"သူ... သူ... သူဘာဖြစ်လို့ဒီမှာရှိနေရတာလဲ" တခြား သက်တော်စောင့်တွေနဲ့အတူလေ့ကျင့်နေတဲ့ Xia Yao ကို Yuan Ru လက်ညိုးထိုးပြီးမေးလိုက်တယ်
"သူမနေ့က roll call ခေါ်တုန်းကတောင်ရှိသေးတယ် အဲ့ဒီကောင်ကို ခင်ဗျားသိလား"
![](https://img.wattpad.com/cover/106985155-288-k739662.jpg)
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...