ရွှံ့ထဲတိုးနှစ်လျှောက်သွားပြီး ကြာမြစ်တူးရတော့မယ့်အတွက် နည်းပြတွေက တဆက်တည်းဝတ်ရတဲ့ဝတ်စုံအချို့ ယူလာတယ် အဲ့ဒီအပုံထဲက အသစ်ဆုံးဝတ်စုံတစုံကို Yuan Zong ရွေးချယ်လိုက်ပြီး သေချာစိစိစစ်စစ် အပေါက်ရာပါမပါစစ်ဆေးပြီးတော့မှ Xia Yao ကို လက်ယက်ခေါ်လိုက်တယ်
"ရော့ ဒါဝတ်လိုက်"
အားကျတဲ့အသံကျယ်ကြီးတွေ ဘေးပတ်ဝန်းကျင်ကနေ ထွက်ပေါ်လာတယ်
Yuan Zong ရဲ့စူးရှတဲ့အကြည့်က ကျောင်းသားတွေပေါ်ဖြတ်သန်းသွားတဲ့အတွက် သူတို့တတွေခေါင်းကဗျာကယာငုံ့လိုက်မိကြပြီး ကိုယ့်ဝတ်စုံကိုယ်ပဲဝတ်နေကြတော့တယ် ဒီဘက်လှည့်မကြည့်ရဲတော့ဘူး
"မင်းနောက်ထပ်ဘောင်းဘီတထည်ဝတ်ရင်ကောင်းမယ်" Yuan Zong က Xia Yaoကိုပြောလိုက်တယ် "ရေအောက်မှာချမ်းစိမ့်နေတာပဲ မင်းခြေထောက်တွေအေးလိမ့်မယ်"
Xia Yao အဆင်မပြေသလို စိတ်ရှုပ်ထွေးသွားတယ် "ကောင်မလေးတွေတောင် ဘောင်းဘီတထည်တည်းဝတ်ထားကြတာ ယောကျာ်းလေးဖြစ်တဲ့ကျွန်တော်က ဘာလို့ကြောက်နေရမှာလဲ"
အဲ့ဒီနောက်မှာ Xia Yao သူ့လက်အိတ်တွေကို စွတ်လိုက်ပြီး အားရပါးရပေါက်တူးကိုကောက်ကိုင်လိုက်ကာ ရေကန်ဆီခပ်မြန်မြန်လျှောက်သွားတယ် သူစိတ်မရှည်ဖြစ်နေတာကို Yuan Zong မခို့တရို့အပြုံးတခုနဲ့ကြည့်နေမိတယ်
Xia Yao ရေထဲခြေချမိမိချင်းမှာပဲ ရွှံ့ထဲပေအနည်းငယ်နစ်ဝင်သွားတဲ့အတွက် ခြေထောက်တွေချက်ချင်းရှုံတွသွားသလိုခံစားလိုက်ရပြီး ဗြင်းကနဲ ကြက်သီးထသွားမိတယ် အဲ့ဒီအချိန်ကျမှ Yuan Zong ပြောတာနားထောင်ခဲ့ရင်အကောင်းသားဆိုပြီး စိတ်မကောင်းဖြစ်မိတယ် ဒါပေမယ့် ဒီလိုအေးစက်တဲ့ရာသီဥတုက သူအားရပါးရစလုပ်ချင်တာကို မရပ်တန့်နိုင်ဘူး Xia Yao အံကြိတ်ပြီး ကြာရွက်တွေအထူဆုံးရှိတဲ့နေရာဆီ တိုးသွားလိုက်တယ်
ဒီလိုလယ်သမားတွေလုပ်တဲ့အလုပ်ဆိုတာ တခြားအလုပ်တွေနဲ့မတူဘူး ရိုးရိုးအားပဲသန်ပြီး အတွေ့အကြုံမရှိဘူးဆိုရင် တစက်မှအောင်မြင်မှာမဟုတ်ဘူး Xia Yao ရေထဲလက်နှစ်ပြီး ကြာမြစ်တွေကို မျက်ကန်းတစ္ဆေစမ်းရှာကြည့်မိတယ် နေရာတခုတွေ့လိုက်တဲ့အခါမှာ ပေါက်တူးကိုကိုးရိုးကားရားကောက်ကိုင်ပြီး ရွှံ့တပုံလိုက်ကြီးကိုကလော်ထုတ်လိုက်ပေမယ့် ဘာအမြစ်မှထွက်မလာဘူး
CZYTASZ
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romans"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...