ဒီchapter ပြန်ရတာတော့ နည်းနည်းထောက်နေပါတယ် သည်းခံပြီး ဖတ်ပေးကြပါ 😣 ပြင်စေချင်တဲ့ အသုံးအနှုန်းလေးများရှိရင်လည်း ment ပေးပါ ပြင်ပေးပါမယ်
•••••
Yuan Zong
•••••
Xia Yao တယောက် အလုပ်ပြီးတော့ ပင်မအပေါက်ကနေ ထွက်ပြီး အနီးအနားက စတိုးဆိုင်တခုကို စီးကရက်ဝယ်ဖို့ သွားတယ်
"Yuxi တဗူးလောက်"
([1]Yuxi တဗူး= $43 ဝန်းကျင်/မြန်မာငွေ 58000)အရောင်းစာရေးက Xia Yao အတွက် စီးကရက်တဗူး လှမ်းယူလိုက်တယ် ပြန်အမ်းငွေကို ရေနေတုန်းမှာပဲ ဝယ်သူတယောက် ဆိုင်ထဲဝင်လာတယ် အရောင်းစာရေးရဲ့ မျက်လုံးတွေက ကောင်တာပေါ်ကနေ အဲ့ဒီ ဝယ်သူဆီ မသိမသာရောက်သွားတယ် ရုတ်တရက် သူစိတ်နည်းနည်းလှုပ်ရှားသွားတယ်
လန့်စရာတခုခု က ရုတ်တရက် သင့်ရှေ့ရောက်လာတယ်လို့ စဉ်းစားကြည့်လိုက်ပါ အဲလိုဆိုရင် ရုတ်တရက် ကြောက်စိတ်နဲ့ တုန်သွားတဲ့ အရောင်းစာရေးရဲ့ ခံစားချက်ကို နားလည်နိုင်မှာပါ
"ဘာ...ဘာကူညီရမလဲခင်ဗျာ"
"သူ့လိုပဲ စီးကရက်တဗူး"
နှစ်လို့ဖွယ် အသံသြသြတခု ထွက်ပေါ်လာပြီး တဖြည်းဖြည်းရင့်သန်လာတဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ် အရောင်းစာရေးက နောက်စီးကရက်တဗူးယူဖို့ အနောက်ကို ကဗျာကယာ လှည့်သွားတယ်
Xia Yao သူ့ဘေးက လူကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်
အဲဒီလူက အရပ် 1.9 မီတာ[2]လောက်ရှည်ပြီး အနက်ရောင် ခပ်ပွပွအဝတ်တွေအောက်မှာ ကျစ်လစ်တဲ့ ခန္ဓာကိုယ် အချိုးအစား ရှိပုံရတယ် ညိုမှိုင်းတဲ့ မျက်လုံးတွေက နားထင်နားထိ ဆန့်တန်းနေပြီး နာတံဖြောင့်ဖြောင့်နဲ့ တွဲဆက်ထားတယ် သေချာဂရုတစိုက် လက်နဲ့ ထွင်းထုတားသလိုပါပဲ ခပ်ရှည်ရှည်မျက်နှာ ပုံသဏ္ဌာန်ရဲ့ ပေါ်မှာတော့ တည်ကြည်ခိုင်မာပုံပေါက်တဲ့ မေးရှိပြီး ဂရိနတ်ဘုရားတပါးလို ယောကျာ်းဆန်တယ်
([2]1.9 မီတာ= 6.3 ပေ)
VOUS LISEZ
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Roman d'amour"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...