အခန်း ၁၃ ငါမင်းအပေါ်စိတ်ဝင်စားနေမိပြီ

8.8K 868 32
                                    

ရုံးကိုပြန်ရောက်တော့ Xiao Hui နဲ့ Chang Tian သူတို့စားပွဲခုံပေါ်မှာ မုန့်တွေ အချိုရည်တွေအများကြီး တင်ထားတာကို တွေ့လိုက်ရတယ် Xia Yao ဆီမျက်စိရောက်သွားတဲ့အခါမှာ လူကအေးအေးချမ်းချမ်းခြေချိတ်တောင်ထိုင်နေပြီး သူတို့ကို မျက်ခုံးတဖက်ပင့်ကြည့်ရင်း ဝမ်းသာအားရဖြစ်နေပုံပေါ်တယ်

"ဘုရားရေ ဘာလိုတွေဖြစ်" Xiao Hui က သူ့စားပွဲခုံဆီပြေးလာပြီး မုန့်တွေပါးစပ်ထဲ အတင်းထိုးထည့်တော့တယ်

"အဲဒါတွေအားလုံး မင်းတို့အတွက်" Xia Yao က ဖြေတယ်

Chang Tian သူ့အရေခွံထဲက ခုန်ထွက်မိတော့မလို ဖြစ်သွားတယ် "ဒီနေ့ ဘာနေ့ထူးနေ့မြတ်မို့လို့လဲ"

"ဘာနေ့ထူးနေ့မြတ်မှ မဟုတ်ဘူး ငါဒီနေ့စိတ်ကောင်းဝင်နေလို့"

Xiao Hui ဖရုံစေ့ တထုပ်ကို အားသုံးပြီးဖွင့်လိုက်တယ် ကံမကောင်းစွာနဲ့ ဆွဲဖြဲလိုက်တာ အရှိန်လွန်သွားလို့ အစေ့တွေ ကြမ်းပြင်ပေါ်ပြုတ်ကျသွားတယ် Xiao Hui အစေ့တွေပြန်ရှင်းဖို့ အောက်ကုန်းလိုက်တဲ့အချိန်မှာပဲ Xia Yao က သူ့ကို မတုံ့မဆိုင်းပဲ ပြန်ဆွဲထူလိုက်တယ်

"ထားလိုက် ငါလုပ်လိုက်မယ်"

အဲဒီစကားသံကိုကြားတော့ Xiao Hui နဲ့ Chang Tian အကြည့်ချင်းဖလှယ်မိကြတယ် ဂုဏ်သရေရှိ Xia လူကြီးမင်းသန့်ရှင်းရေးသူ့ဘာသူလုပ်သွားရအောင် ကမ္ဘာပေါ်က ဘယ်ကောင်းချီးပေးမှုက လုပ်ဆောင်လိုက်ပါလိမ့်

ပျော်ရွှင်မှုနဲ့ ကြံရာမရဖြစ်မှုက ဒွန်တွဲနေတယ်ဆိုတာ အမှန်အကန်ပါပဲ Yuan Ru နဲ့ မတွေ့ခင်တုန်းက Xia Yao ဘဝထဲမှာ နေ့ရယ်ညရယ်က ရိုးရိုးစင်းစင်းပဲ ဖြတ်သန်းနေပြီး ဘာမှအောင်ပွဲခံစရာမရှိခဲ့ဘူး အခုကျမှ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ခက်ခဲမှုတွေကို ဖြတ်ကျော်ပြီး ဟိုစိတ်အနှောက်အယှက်ဖြစ်စရာနှစ်ကောင်မရှိတော့တဲ့နောက်မှာ Xia Yao ဘဝမှာ ဒီလောက်စိတ်သက်သာရပြီး လန်းဆန်းသွားတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်မလာခဲ့ဖူးဘူး

အဲဒီညနေဂျူတီချိန်ပြီးတဲ့နောက်မှာ Xia Yao ခေါင်းက လေပေါ်ရောက်နေတုန်းပဲ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပခုံးကိုကိုင်ပြီး ရယ်ရယ်မောမောစကားပြောနေကြရင်း စခန်းဝင်ပေါက်ကို လျှောက်လာကြတယ်

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Wo Geschichten leben. Entdecke jetzt