အခန်း ၃၄ သူခိုးအတွက် တံခါးဖွင့်ပေးထားခြင်း

6.8K 600 37
                                    

Wang Zhi Shui ဘာမှတောင်မကန့်ကွက်နိုင်သေးခင်မှာပဲ Xuan Da Yu သူ့ကော်လာကိုကိုင်ပြီး ဧည့်ခန်းထဲကိုဆွဲလာတယ် ညှာတာမှုတစက်မှမပြပဲ Wang Zhi Shui ကိုထိုးတော့မလိုပုံစံနဲ့ လက်သီးဆုပ်လိုက်ပြီး အခါခါခြိမ်းခြောက်နေတယ် "ခင်ဗျားသွားမလား မသွားဘူးလား? သွားမလား မသွားသေးဘူးလား?"

ဒီ Wang Zhi Shui ဆိုတဲ့အကောင်ကလည်း သာမန်ထက်ပိုထူးခြားတယ် ဒီလိုအခြေအနေမျိုးမှာ တခြားလူတယောက်ယောက်ရောက်နေခဲ့ရင် အဲ့ဒီလူဟာ ငွေကိုပဲယူပြီး သုတ်သုတ်ပြာပြာထွက်ပြေးသွားလောက်မယ် ဘယ်ငတုံးမှ ပေကပ်ပြီး အနိုင်ကျင့်ခံမှာမဟုတ်ဘူး ဒါပေမယ့် Wang Zhi Shui က အဲ့လိုလူစားမဟုတ်ဘူး Da Yu သူ့ကို ပိုပြင်းပြင်းထန်ထန်မောင်းထုတ်လေ Zhi Sui ပိုပြီးခေါင်းမာလာလေပဲ

"ဒီမှာအစ်ကို ခင်ဗျားတော်တော်ဆိုးရွားတာပဲ ခင်ဗျားအိမ်ကြီးဒီလောက်ကြီးနေတာ နေရာတနေရာလောက်ကျွန်တော့်ကို ပေးအိပ်ရင်ဘာမှဖြစ်သွားမှာ မဟုတ်ဘူး ခင်ဗျားကြီးအတွက် ဘာများအဆင်မပြေဖြစ်သွားမှာမို့လို့လဲ"

Xuan Da Yu အေးစက်စက်ပြန်ဖြေလိုက်တယ် "ငါ့အိမ်မှာ လူစိမ်းတွေလာအိပ်တာ နေသားမကျဘူး"

"အဲ့ဒါဆိုရင် ခင်ဗျားကျောပေါ်မှာ ရောက်နေရမဲ့လူကျတော့ရော? ခင်ဗျားသူ့ကိုဒီညဒီမှာမအိပ်ခိုင်းရင် ဘာဖြစ်လို့အိမ်ကိုခေါ်လာရတာလဲ"

"သူက ခြွင်းချက်"

"အဲ့ဒါဆိုရင် ကျွန်တော့်ကိုလည်း ခြွင်းချက်ထားပေးလေ"

မချင့်မရဲမျက်နှာနဲ့ Da Yu ဆူလိုက်တယ် "မင်းကဘာမို့ခြွင်းချက်ထားပေးရမှာလဲ"

"ကျွန်တော်တို့ရဲ့ နာမည်တွေအတွက်"

Wang Zhi Shui သူ့မှတ်ပုံတင်ထုတ်ပြီး Da Yu မျက်နှာရှေ့ဝှေ့ယမ်းပြလိုက်တယ်

"ရှေးစကားတခုရှိတယ်လေ ဘာလဲ ဒီဘဝမှာအကြိမ်ငါးရာလောက်လည်ပြန်ကြည့်မှ နောင်ဘဝမှာ တခါဆုံဆည်းနိုင်တယ်..."

Xuan Da Yu ဒေါသနဲ့ပြည့်နေတဲ့မျက်နှာကို ပြလိုက်တယ် "ဒီဘဝမှာအကြိမ်ငါးရာလည်ပြန်ကြည့်မှ နောင်ဘဝမှာတခါ လမ်းမှာဖြတ်မိသွားနိုင်တာပါ"

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Donde viven las historias. Descúbrelo ahora