အခန်း ၃၂ နားရွက်တွေ ကိုက်ဆွဲပလိုက်မယ်

7.5K 725 55
                                    

လိုရမယ်ရ ဘဲကြီးအတွေးအတွက် mature warning လေးပါ 🙈 ဘာမှတော့ မလုပ်သေးပါဘူး YZ စိတ်ကူးယဉ်ကောင်းလွန်းတဲ့အတွက် 🙃

•••••

Yuan Zong ကျောပေါ် Xia Yao အတည်တကျရောက်သွားတယ် အောက်ကလူပြောင်းသွားတာကို မသိလိုက်တဲ့ Xia Yao က စောစောကသူပြောနေတဲ့အကြောင်းကို ဆက်ပြောတယ်

"ငါသူ့ကို မနိုင်ဘူး... ဘယ်လိုလုပ်ရမလဲ"

Xia Yao တင်ပါးပေါ် အာရုံအကုန်ရောက်နေတဲ့အတွက် Yuan Zong မနည်းအသံပိတ်ထားရတယ် Xuan Da Yu လိုမျိုး ဒူးကိုပင့် မချီပဲ သူ့ရဲ့ဧရာမလက်ကြီးတွေနဲ့ Xia Yao တင်ပါးကို ပင့်ချီလိုက်တယ် ဒီလိုကိုယ်နေဟန်ထားမျိုးက Xia Yaoအတွက် အချိန်ကြာလာရင် ပိုပြီး သက်တောင့်သက်သာရှိစေသလို သူ့လက်တွေအတွက်လည်း သက်တောင့်သက်သာရှိစေတယ်

"Mike Tyson တခါပြောဖူးတယ် မင်းသူတို့ကို မနိုင်ရင်... ကိုက်ပစ်လိုက်တဲ့..."

ဒီလိုပြောလိုက်တာနဲ့ Xia Yaoရဲ့ လက်တစုံဟာ Yuan Zong လည်ပင်းမှာ တင်းကြပ်လာပြီး မေးရိုးတခုလုံးခိုင်ခိုင်မာမာနဲ့ တွယ်လိုက်တယ်

အဲ့ဒီအကိုက်က ရိုးရိုးသာမန်လူဆို နာနာကျင်ကျင်အော်ဟစ်ပြီး ခုန်ဆွခုန်ဆွဖြစ်သွားနိုင်တယ် ကျောပေါ်ကလူကို တခါတည်းမြေကြီးပေါ်ကို ချက်ချင်းပစ်ချပြီး တခါတည်းကိုတောင် အခါများများကန်ပေးလိုက်နိုင်ခြေရှိတယ် မအေလိုးရဲ့!!! ဒီအကိုက်က ဘယ်လိုမှ သာမန်မဟုတ်ဘူး နားရွက်ကို မျိုချနေလိုက်သလိုပဲ

ဒါပေမယ့် Yuan Zong ကတော့ ညင်ညင်သာသာ မျက်မှောင်ပဲကျုံ့လိုက်ပြီး သူ့နားရွက်ကို Xia Yao ပါးစပ်ထဲက ကယ်တင်ဖို့မကြိုးစားဘူး သူ့နားရွက်နားက ကြွက်သားတွေကိုပဲ ဖြေလျှော့လိုက်ပြီး နောက်ထပ်လာမယ့်အကိုက်တွေအတွက် ခံနိုင်ရည်ရှိအောင်ပဲ ပြင်ဆင်ထားလိုက်တယ်

အာ? မာနေတုန်းပဲလား?... Xia Yao သူကိုက်နေတဲ့အားပိုသုံးလိုက်တယ်

Yuan Zong မှန်တချပ်အမြဲသယ်ဆောင်လာလေ့ရှိတယ် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လို့ရတဲ့အတွက် ဒါဟာသက်တော်စောင့်တယောက်ရဲ့ မရှိမဖြစ်အရေးပါတဲ့ပစ္စည်းတခုပေါ့ အခုသူ့အင်္ကျီဒုတိယကြယ်သီးမှာတပ်လိုက်ပြီး သူ့နားရွက်ကိုကိုက်နေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ Xia Yaoရဲ့ ရက်ရက်စက်စက်မျက်နှာကြီးကို အရသာခံကြည့်ဖို့သုံးလိုက်တယ် တချိန်တည်းမှာပဲ သူ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ ခံပြင်းစရာခံစားချက်မျိုးစုံကို ခံစားနေရင်းနဲ့ပေါ့

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Where stories live. Discover now