အခန်း ၄၆ အား... ဖူးပွင့်နေတဲ့ အချစ်

8.4K 700 69
                                    

Xia Yao နိုးလာတဲ့အချိန်မှာ မနက် ၇နာရီကျော်နေပါပြီ အရင်ဆုံးသူ့လက်ပတ်နာရီကိုတချက်ငိုက်ကြည့်ပြီးတဲ့နောက်မှာ အိမ်တွေတစတစကျဲလာပြီဖြစ်တဲ့ဘေးဘီကိုချက်ချင်းငေးကြည့်လိုက်တယ် ပြီးတော့ Yuan Zong ကျောကုန်းကိုတို့ပြီး အသံကျယ်ကျယ်နဲ့မေးလိုက်တယ် "ဘယ်ရောက်နေပြီလဲ"

"မြို့ကိုကျော်ပြီး Hebeiဧရိယာကိုရောက်ပြီ"

"ဘာ? အခုမှမြို့ပြင်ပဲရှိသေးတယ်?" Xia Yao ပေါက်ကွဲသွားတယ် "Hénán ရောက်ဖို့ဘယ်လောက်ကြာဦးမှာလဲ? ကျွန်တော့်ကိုဖိတ်တုန်းက လေကောင်းလေသန့်ရှူစေချင်လို့လို့ပြောပြီး ဒီလိုအမြန်နှုန်းလေးနဲ့သွားနေတာ ခင်ဗျားမရှက်ဘူးလား? အခုချက်ချင်းဆင်း! မြန်မြန်! ကျွန်တော်မောင်းမယ်"

Yuan Zong ဓာတ်ဆီဆိုင်တဆိုင်အပြင်ဘက်နားမှာ လမ်းဘေးကပ်ရပ်လိုက်တယ် ဆီကန်ဖြည့်ပြီးတဲ့နောက်မှာ Xia Yao ကိုမောင်းခွင့်ပေးလိုက်တယ်

အင်ဂျင်က ခြင်္သေ့တကောင်ဟိန်းသံလိုထွက်သွားပြီး အိတ်ဇောပိုက်က အပူငွေ့တွေပြင်းပြစွာမှုတ်ထုတ်နေတယ်...

Xia Yao ညာလက်နဲ့ဆိုင်ကယ်ကိုကျွမ်းကျွမ်းကျင်ကျင်ထိန်းချုပ်လိုက်ပြီး လေလိုမြန်အောင် အရှိန်မြင့်လိုက်တယ် ဆိုင်ကယ်လေကာမှန်သာမရှိရင် ပြင်းထန်လွန်းတဲ့လေတိုက်နှုန်းကြောင့် Xia Yaoမျက်ကာမှန်တွေ လွင့်စင်သွားနိုင်တယ် ဒီလိုလွတ်လပ်တဲ့ခံစားချက်က ဟီးရိုးရင်း(ဘိန်းဖြူ)လိုပဲ လူတွေရဲ့ဝမ်းနည်းစရာတွေကို တဒင်္ဂမေ့စေပြီး ကျေနပ်အားရစွာနဲ့ရှေ့ဆက်တိုးစေတဲ့စွမ်းအားရှိတယ်

Yuan Zong, Xia Yao နောက်မှာထိုင်နေချိန်မှာ သူ့ဂွက Xia Yao ရဲ့ သားရေဝတ်ထားတဲ့ အောက်ပိုင်းနဲ့တင်းတင်းပူးကပ်နေတယ် ရုတ်တရက် သူ Xia Yao အော်သံကို ကြားလိုက်ရတယ် "အရမ်းအံ့သြစရာဖို့ကောင်းတယ်... နှိုးဆွနေသလိုပဲ... ငါရူးတော့မယ်ထင်တယ်"

ဘေးရှုခင်းတွေအားလုံး ဒီပုံရိပ်ကနေ ချက်ချင်းပျောက်ကွယ်သွားစေချင်တဲ့ခံစားမှုမျိုးနဲ့ Yuan Zong တောင်းတနေမိတယ်

ကီလိုမီတာ ၂၀၀ လောက် ဒီလိုအားပြင်းတဲ့အမြန်နှုန်းနဲ့သွားပြီတဲ့နောက်မှာ သူတို့အမြန်နှုန်းတဖြည်းဖြည်းပြန်လျော့လိုက်ကြတယ် ဖြတ်လမ်းတခုကိုရွေးမောင်းလိုက်တာဖြစ်တဲ့အတွက် လမ်းကလည်းကြမ်းနေတဲ့ကျေးဇူးကြောင့်ပေါ့ Xia Yaoလည်း နည်းနည်းမောပန်းလာတဲ့အတွက် အမြန်နှုန်းအလိုလိုလျော့ချလိုက်မိတယ်

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Donde viven las historias. Descúbrelo ahora