Unicode
*************
Flame Started To Burn Part (2)
မီးလျှံ ရှိုင်းကို စားသောက်ဆိုင်တွင် ထိုင်စောင့်နေရင်း ခေါင်းထဲတွင် အတွေးတွေများနေမိသည်။
အခုဆိုရင် မီးလျှံရဲ့ ဘဝထဲတွင် ရှိုင်းဆိုသော ကောင်လေးတစ်ယောက်ရှိလာပြီဖြစ်သည်။
အမြဲတမ်း တစ်ကျက်ကျက်နှင့် ရန်ဖြစ်နေရသော်လည်း အမှန်တိုင်းပြောရရင် မီးလျှံ ရှိုင်းနှင့် အတူနေရတာ ပျော်နေလေသည်။ ပွစိပွစိနှင့် စကားအရမ်းများကာ စပ်စုတတ်သော ရှိုင်းရဲ့ပုံစံသည် မီးလျှံရဲ့ ညီမလေးနဲ့တစ်ပုံစံတည်းကို တူသဖြင့် မိသားစုဝင်တစ်ယောက်ကို အစားပြန်ရလိုက်သလို ခံစားနေမိတာဖြစ်သည်။
မီးလျှံထိုသို့တွေးနေမိရင်း စားပွဲပေါ်တွင် ချထားခဲ့သော ရှိုင်းရဲ့ Drawing Book အသစ်ကို ယူကြည့်လိုက်မိလေသည်။ Shopping Mall ကအပြန် ရှိုင်းက ကားပေါ်တွင် ပုံဆွဲနေခဲ့သည်ကို တွေ့ခဲ့ရတာကြောင့် မီးလျှံယူကြည့်လိိုက်မိသည်။ အမြဲတမ်း ရှိုင်းက သူဆွဲသော ပုံတွေကို မီးလျှံ မမြင်အောင် ဖွက်ထားတတ်တာကြောင့်ပါ။
စာအုပ်ကို ယူကာ လှန်ကြည့်လိုက်တော့ အစွယ်နှစ်ချောင်းနှင့် ရုပ်ဆိုးဆိုးမျက်နှာပုံကြီးတစ်ခုကို ဆွဲထားကာ အကျင့်ပုတ် Vampire အဘိုးကြီး Flame ဆိုပြီး နာမည်ထိုးထားတာကို တွေ့လိုက်ရတာကြောင့် မီးလျှံ သဘောတကျပင်ရယ်လိုက်မိသည်။
ကလေးသာသာအရွယ်ကောင်လေးတစ်ယောက်ဖြစ်တဲ့ ရှိုင်းက သူ့အသက်အရွယ်နှင့်ဆိုရင် ဒုက္ခတွေ အများကြီးခံစားခဲ့ရရှာမှာကို မီးလျှံ ခန့်မှန်းကြည့်နိုင်လေသည်။ မနေ့က အကြီးအကျယ်စိတ်ထိခိုက်ကာ မေ့လဲသွားခဲ့တုန်းက မီးလျှံ အရမ်းစိုးရိမ်ခဲ့သလို၊ အရမ်းလည်း စိတ်မကောင်းဖြစ်ခဲ့လေသည်။
ဒါကြောင့် မီးလျှံဆီမှာ ချာတိတ်လေး ရှိနေသမျှကာလတစ်လျှောက်လုံး ကာကွယ်ပေးသင့်တယ်ဆိုတဲ့ အတွေးဝင်မိတာဖြစ်သည်။
ထိုသို့တွေးလိုက်မိပြီး တစ်ဆက်တည်းမှာပင် မနက်အစောပိုင်းက လယ်ရီနှင့် မီးလျှံတိို့ စကားပြောနေသော အချိန််တွင် လယ်ရီ သတိပေးခဲ့သော စကားများကို ပြန်ကြားယောင်လာမိသည်။
VOCÊ ESTÁ LENDO
Star Love (I)
FantasiaYou don't have to shine, I will shine for you. '' Shine '' I hate your Love but I love you. '' Flame'' *************** Season (1) of Star Love Star Lov...
