Y.K.T~[1]

73.6K 2.1K 42
                                    

Unicode:

ရန်​ကုန်​မြို့လယ်​ခေါင်​ရှိ အထက်တန်းစားဟိုတယ်တစ်ခုလို့ ပြောလို့ရနိုင်သော ' Royal Rose Hotel ' မှ​ ဒေါ်ထိပ်​ထားသက်​လျာဦး.. ။

မန်နေဂျင်းဒါရိုက်တာဟူသည့် သူမ၏ကိုယ်ပိုင်သီးသန့်ခန်းလေးထဲတွင် လက်ပ်တော့တစ်လုံးဖြင့် အဝင်အီးမေးလ်များစစ်နေသည် ။ ထိပ်ထားသက်လျာဦးအမည်ရှိ ထိုအမျိုးသမီးမှာ အသက်​အရွယ်အားဖြင့် (၂၄)နှစ် သာရှိ​သေးသော်​လည်း ဟိုတယ်၏ MD ဆိုသည့် ရာထူး​အောက်​တွင် လစ်ဟင်းမှုမရှိဦးစီးဦး​ဆောင်​ပြုနိုင်သည်မှာ ဝန်ထမ်းတိုင်းသိသည့် အမှန်တရားတစ်ခုပင်ဖြစ်သည် ။

​ချပ်​ရပ်​လွန်းလှ​သောခန္ဓာကိုယ်​မှာ​ သေသပ်​လှသည့်မြန်​မာအင်္ကျီနှင့်​လုံချည်​ကိုသာ ဝတ်​ဆင်​လေ့ရှိပြီး အ​နေအထိုင်​အ​ပြောအဆို သိမ်​မွေ့သည် ။ နူးညံ့သည့်မျက်ဝန်းများပိုင်ဆိုင်ထားသော်လည်း ဆုံးဖြတ်ချက်ပြတ်သားသည် ။ ထက္မြက်သည် ။ ကိုယ့်အားကိုယ်သာကိုးတတ်သည် ။ ယဉ်ယဉ်လေးနှင့်လှသော်ငြားလည်း မိန်းကလေးသဘာဝ အိညှက်အိညှက် ၊ ပျော့စိပျော့နဲ့လုပ်တတ်သည့် မိန်းကလေးများထဲတွင် ထိပ်ထားသက်လျာဦးမပါဝင်ပေ.. ။

ဝန်​ထမ်း​ဘဝမှစလို့ မည်​သူတစ်​ဦးတစ်​ယောက်​၏ အကူအညီမျှမယူပဲ ဒီ​နေ့ဒီအချိန်​ထိ မန်နေဂျင်းဒါရိုက်တာရာထူး​ရောက်​အောင်​ကြိုးစားလာသည်​မှာလည်း ပညာအရာမှာမ​ခေသူဖြစ်​ကြောင်း​ ဖော်​ညွှန်း​နေပြန်​သည်​ ။

📲

✆ Maung ✆

​အလုပ်​လုပ်​နေရင်း​ပေါ်လာပါ​သော ဖုန်းစခရင်ပေါ်မှခေါ်ဆိုသူကိုကြည့်ပြီး ဖုန်းလက်ခံလိုက်သည် ။

" ဟယ်လို "

" အသက်​ အလုပ်​ရှုပ်​နေလား "

" ရတယ် မောင်..ပြောလေ "

" လာမယ့်​ဆန်းဒေး အားလားလို့လှမ်း​မေးတာ ၊ မောင်​တို့မ​တွေ့တာလည်းကြာပြီဆို​တော့ အဲ့​နေ့​တွေ့မလားလို့လေ "

" အာ.. ဆန်းဒေးဆိုမှသတိရတယ် ၊ အသက်​အဲ့​နေ့ကျရင်​ ဟိုတယ်မှာသုံးနေတဲ့ ရေချိုးဆပ်ပြာကပြဿနာ​လေးနည်းနည်းရှိလို့ အဲ့စက်​ရုံဘက်​ကိုသွားကြည့်​ရမယ်​ ၊ စပြီးချိတ်တဲ့လူက အသက်ဖြစ်နေလို့ ကိုယ်တိုင်သွားမှရမှာ ၊ ဆောရီးပါ မောင်ရယ်... အသက် အပွိုင့်မန့်ယူပြီးသားလည်းဖြစ်နေလို့ "

ရ င် ခွ င် သ စ် (c o m p l e t e d)Where stories live. Discover now