Unicode:
ကားသော့ကို လက်ညိုးတစ်ချောင်းနဲ့လှည့့်ပြီးကစားရင်း အိမ်ထဲဝင်လာတဲ့သူ့ကို ဧည့်ခန်းထဲမှာထိုင်ပြီး သတင်းကြည့်နေတဲ့ဒယ်ဒီက.. မမြင်ချင်ယောင်ဆောင်သည် ။
" ဒယ်ဒီ ! "
" ဖြည်းဖြည်းခေါ်စမ်း.. ဘယ်လိုဖြစ်လို့ အော်ကြီးဟစ်ကျယ်တွေဖြစ်နေတာလဲ ငါနားမကန်းသေးဘူး "
" မသိပါဘူး.. နားမကန်းသေးပေမယ့် မျက်စိများမှုန်သွားတာလားလို့ ကျွန်တော်တစ်ယောက်လုံးဝင်လာတာကို မမြင်ရအောင် "
" မြင်တယ် ပြောစရာလည်းမရှိဘဲနဲ့ ငါကမင်းကိုခေါ်ပြီးဘာလုပ်ရမှာလဲ "
ခပ်တည်တည်ပဲ ပြန်ဖြေလာတဲ့ဒယ်ဒီက သတင်းအကြည့်မပျက်ဘူး ။ ဦးကောင်းမြတ်သွေးက သရုပ်ဆောင်လည်း အင်မတန်ကောင်းသည် ။
" ပြောစရာမရှိရင်တောင် ပေးစရာရှိမယ်လို့တော့ထင်တာပဲ "
လက်ဖြန့်ပြီးတောင်းနေတဲ့သူ့ကို ဒယ်ဒီကအကြည့်လေးတစ်ချက်တောင်မသနားပါ ။
" ဘာလဲ "
" ကျွန်တော်ဆယ်တန်းအောင်ရင် ပေးမယ်လို့ပြောထားတဲ့ ကွန်...ဒို....သော့...! အခုကအောင်ရုံမကဘူး ဂုဏ်ထူးသုံးခုတောင်အစစ်ပါလိုက်သေးတယ် အဲ့တော့ကိုယ့်ကတိကိုယ်တည်ရမယ်လေ ဒယ်ဒီ "
" နေစမ်းပါဦး မင်းကအဲ့ကွန်ဒိုကို ငမ်းငမ်းတက်လိုချင်နေရအောင် ဘာလုပ်ဖို့တုန်း.. ရှုပ်ရှုပ်ယှက်ယှက်တွေနော် သျှားစစ်သွေး မင်းအကြောင်းငါသိတယ် "
" မလုပ်ပါဘူးဒယ်ဒီရာ.. ပေးမှာသာပေးပါ ဒယ်ဒီယောက်ျားကတိ.____ ဘယ်သွားမလို့လဲဒယ်ဒီ ! "
ပြောရင်းတန်းလန်း မတ်တပ်ထရပ်လိုက်တဲ့ဒယ်ဒီ့ကြောင့် သူအသည်းအသန်တားလိုက်ရသည် ။ စိတ်ပြောင်းသွားပြီး မပေးတော့ဘူးဆိုရင် ဒုက္ခကရောက်ဦးမည်လေ ။
" သော့သွားယူမလို့ ! "
"........."
" ရော့.. မလိုအပ်ပဲ အလေလိုက်နေဖို့မစဉ်းစားနဲ့ "
ESTÁS LEYENDO
ရ င် ခွ င် သ စ် (c o m p l e t e d)
Ficción Generalသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]