Y.K.T~[36]

8.5K 677 105
                                    

Unicode:

Start day 3️⃣ to leave from him .

18-June-2026 ( စနေနေ့ )
🕢 7 : 45 am.

ဒီနေ့ကတော့ နန်းကြီးသုပ်ဖို့ရာ ကြက်သားကိုနှုတ်နှုတ်စင်း ၊ ဆီပြန်ချက်ထားခဲ့ပြီး နန်းကြီးမုန့်ဖတ်ဝယ်ရန် နီးစပ်ရာစျေးထဲသွားဖြစ်သည် ။ ရပ်ကွက်စျေးကနည်းနည်းလှမ်းတာမို့ သျှားရဲ့ကားနဲ့ပဲ သုတ်ခြေတင်မြန်မြန်သွားရသည် ။ သျှားကတော့ ထုံးစံအတိုင်း.. သူ့အိမ်ကိုမီးရှို့သွားရင်တောင် သိမှာမဟုတ်တဲ့နှစ်ခြိုက်ခြင်းမျိုးနဲ့ စက်တော်ခေါ်ပြီးကျန်နေခဲ့ပါသည် ။

ရာသီဥတုကတော့ မနေ့ကနဲ့တစ်စက္မှမတူ.. ။
မနေ့ကအပြည့်အဝမိုးရွာသွားပြီးနောက် ဒီနေ့မှာကောင်းကင်ကြီးကကြည်လင်ရှင်းလင်းနေပြီး အပြာရောင်လွင်လွင်လေးဖြစ်နေတော့ စိတ်ကိုလည်းကြည်ရှင်းစေ၏ ။ မိုးမအုံ့ပေမယ့် နေလည်းမထွက်ပေ ။
မေမေတို့အခြေအနေကိုလည်း သိချင်တာကြောင့် စျေးဝယ်ပြီးအပြန်မှာ ဖုန်းဆက်ကြည့်လိုက်သေးသည် ။ အိမ်မှာဆို သျှားအလစ်ကိုစောင့်နေရတာနဲ့ တော်တော်နဲ့ဆက်ဖို့မလွယ်လှ.. ။

" ဟဲလို "

" ဟုတ်မေမေ.. ဖုန်းပြောလို့ရလား "

" ရတယ်သား မေမေတို့အခုပဲမနက်စာစားပြီးကြတာ "

" ဟုတ် ဟို.. ဖေဖေရော "

" သားအဖေဒီနားမှာမရှိဘူး ခုလေးတင်ပဲ  လမ်းလျှောက်ထွက်သွားတယ် ပြောလို့ရတယ်သား "

" ဪ.. မေမေတို့အဆင်ပြေကြလား အိမ်ရောတွေ့ပြီလား "

" အိမ်ကို သားရဲ့လေးလေးမောင်ရှာပေးနေတုန်းသားရဲ့ မင်းအဖေလေ ဂျီးများနေတာမပြီးတော့ဘူး တွေ့တာတွေတော့အများကြီးပဲ ဒါပေမယ့်သူမကြိုက်တဲ့နေရာကများနေတယ် "

" ဪ.. ဟုတ် "

" သားရောအဆင်ပြေရဲ့လား "

" ဟုတ် ပြေပါတယ်မေမေ မနေ့ကတောင်အခန်းရှင်းပြီးတော့ စာအုပ်တွေကိုသွားလှူလိုက်သေးတယ် "

" အေးအေး ကောင်းတယ် ကျန်းမာရေးလည်းဂရုစိုက်ဦး သား.. ထမင်းလည်းမှန်အောင်စား "

" ဟုတ်မေမေ သားဂရုစိုက်ပါတယ် မေမေတို့လည်းဂရုစိုက်ကြနော် အဲ့ဖက္မှာအေးနေပြီမလား မိုးရောရွာလား "

ရ င် ခွ င် သ စ် (c o m p l e t e d)Donde viven las historias. Descúbrelo ahora