Unicode:
The last day with him.
22-June-2026 (ဗုဒ္ဓဟူးနေ့)
🕥 9 : 12 am.သျှားအတွက်အင်္ကျီထုတ်ပေးနေတုန်းမှာပဲ ရေချိုးပြီးသွားတဲ့သျှားက တဘက်တစ်ထည်ကိုခါးမှာပတ်လျက် ခေါင်းရေသုတ်ရင်းထွက်လာသည် ။ ဒီနေ့နောက်ကျမှ အလုပ်သွားမယ်ဆိုတာကြောင့် မိုးအေးအေးနဲ့ကွေးပါစေတော့ဆိုပြီး မနှိုးဘဲထားလိုက်တာ ကိုယ်တော်ချောက ခုနကမှထသည် ။
" ခေါင်းကိုသေချာခြောက်အောင်သုတ်ဦး မိုးအေးနေတာ "
" အင်း "
မှန်ရှေ့မှာရပ်ရင်းခေါင်းသုတ်နေတဲ့ သျှားရဲ့ရင်အုပ်အကျယ်ကြီးပေါ်က ကျွန်တော့ပုံစံတူတက်တူးကိုမြင်တိုင်း အသည်းတယားယားဖြစ်ရသည် ။ နိုင်ငံခြားမှာထိုးခဲ့တာကြောင့် လက်ရာက ထူးခြားသေသပ်လွန်းလှ၏ ။ ရယ်နေတာကအစ တစ်ပုံစံတည်းတူပေမယ့် ကျွန်တော်ကတော့ဖြင့် သဘောမကျနိုင်ပေ ။ လက်တစ်ဝါးစာထက်ကြီးတဲ့တက်တူးကြီးက ကြည့်ရုံနဲ့တင် ထိုးတဲ့အချိန်မှာ ဘယ်လောက်တောင်နာလိုက္မလဲဆိုတာ ခန့်မှန်းလို့ရနေသည် ။
" ရော့.. အင်္ကျီအရင်ဝတ်ပြီးမှသုတ် ခေါင်းလည်းလျှော်ထားတာ အအေးမိလိမ့်မယ် "
အပြောကနောက္မှပင်.. ။
လက်ကတော့ သူ့ကိုကိုယ်တိုင်ဝတ်ပေးဖို့ ပြင်နေလေပြီ ။ ကျွန်တော့ရှေ့မျက်နှာချင်းဆိုင်လိုက်တော့ အဲ့တက်တူးကို လက်နဲ့ဖွဖွလေးကိုင်ကြည့်လိုက္မိသည် ။" အရမ်းနာမှာပဲ "
"............"
" တောင်းပန်ပါတယ် "
" မဆီမဆိုင်ဘာလို့တောင်းပန်နေတာလဲ အဲ့လောက်လည်း မဟုတ်ပါဘူးကွာ မျက်ရည်ကရောဘာလို့ဝဲလာရတာလဲ ဟင်.. ကလေးလေးကျနေတာပဲ "
သူကခေါင်းသုတ်နေတဲ့သဘက်ကို ဘေးချလိုက်ပြီး ကျလုဆဲဆဲ ကျွန်တော့မျက်ရည်တွေကို အောက္မကျစေဖို့ အလျင်အမြန်သုတ်ဖယ်ပေးတဲ့အခါ ခေါင်းကိုသာ စွတ်ခါပြလိုက်တော့သည် ။ ဒီနေ့က သူ့ဘေးနားရှိနေရမယ့်နောက်ဆုံးနေ့လို့ ခေါင်းထဲရောက်လာတာနဲ့ မျက်ရည်က စဝဲနေခဲ့တာပင် ။
![](https://img.wattpad.com/cover/149298199-288-k753275.jpg)
VOCÊ ESTÁ LENDO
ရ င် ခွ င် သ စ် (c o m p l e t e d)
Ficção Geralသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]