Y.K.T~[18]

12.2K 901 17
                                    

Unicode:

စိတ်တည်ငြိမ်အောင်အရင်လုပ်ပြီး အိမ်​ထဲဝင်​လာ​တော့ ထုံးစံအတိုင်းပဲ..​ မှောင်​မည်း​နေ​တဲ့အိမ်​ခန်းကြီးကသာ ကျွန်​တော့ကိုဆီးကြိုလို့​နေသည် ။ အခုလိုအ​ခြေအ​နေနဲ့ရင်းနှီးလာတာ (၅)လစွန်းစွန်းကျော်​လာ​ပေမယ့်​ အခုအချိန်ထိနေသားမကျ​ချင်သေးပေ ။

တိတ်​ဆိတ်​မှုကိုနှစ်​သက်​ပေမယ့်​ အခုလိုလူသူမရှိတစ်​ယောက်​တည်း​ ခြောက်​ကပ်​ကပ်နေရပါများလာ​တော့ ငြီး​ငွေ့ပြီးအထီးကျန်​လာသလိုခံစားရသည် ။ လန်းဆန်းသွားအောင် အရင်ဆုံးရေမိုးချိုး ၊ အဝတ်အစားလဲလိုက်သည် ။ စိတ်ရှိလက်ရှိထိုင်ငိုနေလို့မဖြစ်သေးပြန်ပါ ။ ရှေ့ဆက်ရမယ့် မနက်ဖြန်ပေါင်းများစွာက ရှိသေးသည် ။

အသင့်စားခေါက်ဆွဲတစ်ထုပ်ပြုတ်လိုက်ကာ ​ဧည့်​ခန်းထဲမှာထိုင်စားနေရင်း နိုင်​ငံခြားဇာတ်​လမ်းတွဲတစ်​ခုလာ​နေ​တဲ့ တီဗီအစီအစဉ်​တစ်ခုကို ပျင်းရိပျင်းတွဲထိုင်ကြည့်နေမိသည် ။ အသံကို ဂိတ်ဆုံးထိလျှော့ချထားသည်မို့ ဧည့်ခန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည် ။

✆ veeee:::veeee:::

ကျယ်​လောင်​စွာတုန်​ခါလာတဲ့ ဖုန်းတုန်ခါမှုအသံ​ကြောင့်​ ပါးစပ်ထဲမှာ ခေါက်ဆွဲပြုတ်ပလုပ်ပလောင်းနဲ့ပဲ ခုံ​ပေါ်မှာတင်​ထား​တဲ့အိတ်​ထဲကဖုန်းကို အ​ပြေးအလွှားရှာ​ရ​သည် ။ စိတ်​မ​ကောင်းစွာနဲ့ပဲ ကျွန်​တော်​ရှာ​တွေ့လုဆဲဆဲမှာ ဖုန်းက​ကျသွားခဲ့ပြီ ။

ခေါ်ဆိုသူက 'အသက်​' ။

မစ်(စ်)ကောလ်သုံးခု..၊ မက္ဆေ့ချ်နှစ်​စောင်​ရဲ့ အချက်ပြမှုရဲရဲကို ဖုန်းမျက်နှာပြင်ထက်္မှာ ထင်ထင်ရှားရှားတွေ့လိုက်​ရသည် ။ အကုန်လုံးက အသက်တစ်ဦးတည်းထံမှ ဆိုက်ရောက်လာတာတွေချည်းသာ ။

💬 7:03 pm.
'အသက်​မောင့်​အိမ်​ကို​ရော ဆိုင်​ကို​ရော သွားကြည့့်​ခဲ့ပြီးပြီ အဲ့မှာမ​တွေ့လို့​ ဆေးရုံမှာပဲ​စောင့်​နေလိုက်​တော့မယ်​နော်​ '

💬 8:32 pm.
'နောက်​ကျ​နေပြီမို့လို့ အသက်​မ​စောင့်​တော့ဘူး​နော်​..​
ပြန်​သွားလိုက်​တော့မယ်​ See you tomorrow​ မောင်​ '

ရ င် ခွ င် သ စ် (c o m p l e t e d)Where stories live. Discover now